Pages

Wednesday, December 28, 2016

TNLA အကြမ်းဖက်သောင်းကျန်းသူ များ အခြေပြုထားသည့် တော့စန်ဘုရားကုန်း အား တပ်မတော်စစ်ကြောင်း များက သိမ်းပိုက် ၊ အကြမ်းဖက်သောင်းကျန်းသူ များ ဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိ


လက်နက်ကြီးဗုံးသီးစ ထိမှန်ဒဏ်ရာရရှိသူ ဒေသခံတစ်ဦးအား တွေ့ရစဉ်

နေပြည်တော် ၊ ၂၈-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ ကျောက်မဲမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို ပုံမှန် ဆောင်ရွက်လျက် ရှိစဉ် ယမန်နေ့နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကျောက်မဲ မြို့နယ်၊ တော့စန်ကျေးရွာသို့ ရောက်ရှိစဉ် ကျေးရွာရှိ ဘုရားကုန်းနေရာ မှ TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၁၅ဝ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် တော့စန် ဘုရားကုန်း အားသိမ်းပိုက် ရရှိခဲ့ပြီး ရန်သူများ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဆက်လက်၍ တပ်မတော် စစ်ကြောင်းများက ဆုတ်ခွာသွားသော ရန်သူ့နောက်သို့ လိုက်လံရှင်းလင်း ခဲ့ရာ မွန်းလွဲ ၂ နာရီခန့်တွင် ညောင်မောင်းကျေးရွာ၏ တောင်ဘက် မီတာ ၅ဝဝ ခန့်အကွာ ပွိုင့် ၁၂၉၂ တောင်ကုန်းပေါ် မှ TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၇ဝ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များ၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် ရန်သူများ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

TNLA အကြမ်းဖက် သောင်းကျန်းသူများ သည် ဆုတ်ခွာထွက်ပြေးစဉ် ညောင်မောင်း ကျေးရွာအတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာရှိ နေအိမ်ခုနစ်လုံး လက်နက်ကြီးဗုံးသီး ထိမှန်ခဲ့၍ အမိုး၊ အကာများ ပျက်စီးခဲ့ကာ အရပ်သားသုံးဦး သေဆုံးခဲ့ပြီး ခြောက်ဦးထိခိုက် ဒဏ်ရာရရှိ ခဲ့သည်။

တိုက်ပွဲဖြစ်စဉ်များတွင် မိမိစစ်ကြောင်းမှ စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရန်သူ့ထံမှ ပွိုင့် ၃ဝ ကာဘိုင်တစ်လက်၊ အေကေ ၄၇ သေနတ် တစ်လက်၊ ကျည်အိမ်နှစ်ခု၊ ကျည်မျိုးစုံ ၂၉၃ တောင့်၊ ကျောပိုးအိတ် တစ်လုံး၊ ယူနီဖောင်း ပြောက်ကျား တစ်စုံနှင့် Jammer တစ်လုံးတို့ကို သိမ်းဆည်းရမိ ခဲ့ပြီး တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

No comments:

Post a Comment