Pages

Saturday, December 24, 2016

မန်လွယ် နှင့် နမ့်ဖလွန်းကြား ကားလမ်းမကြီးပေါ်၌ တပ်မတော်စစ်ကြောင်း နှင့် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား


နေပြည်တော် ၊ ၂၄-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ မန်လွယ်နှင့် နမ့်ဖလွန်းကြား ကားလမ်းမကြီး ပေါ်၌ KIA အကြမ်းဖက် သောင်းကျန်းသူ များက မော်တော်ယာဉ် များအား ပိတ်ဆို့ထားသဖြင့် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ယမန်နေ့ နံနက် ၆ နာရီခန့်တွင် အဆိုပါ နေရာသို့ သွားရောက် ရှင်းလင်းရာ KIA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၁ဝ ဦးခန့်က လက်နက်ငယ် များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ သဖြင့် ပူးပေါင်းအဖွဲ့က ပြန်လည်ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် သောင်းကျန်းသူ များ တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွား ခဲ့သည်။

ဖြစ်စဉ်တွင် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင် တစ်ဦး နိုင်ငံတော်အတွက် အသက်ပေးလှူ ခဲ့ရပြီး တပ်မတော် စစ်ကြောင်းနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာရာ နောက်သို့ လိုက်လံ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment