Pages

Thursday, December 1, 2016

KIA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များ ၀င်ရောက်ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုစာရင်း ထုတ်ပြန်



နေပြည်တော် ၊ ၁-၁၂-၂၀၁၆

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နိုဝင်ဘာ ၂ဝ ရက်မှ ၃ဝ ရက်အတွင်း KIA ၊ TNLA ၊ MNDAA လက်နက်ကိုင် အဖွဲ့များ၏ ပစ်ခတ် တိုက်ခိုက်မှု များကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ပြည်သူ့စစ်နှင့် ပြည်သူများ ထိခိုက်ဆုံးရှုံးခဲ့မှု စာရင်းကို နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

အဆိုပါစာရင်းတွင် ရဲတပ်ဖွဲ့ဝင် သုံးဦး၊ ပြည်သူ့စစ် တစ်ဦး၊ ပြည်သူ ၁ဝ ဦး စုစုပေါင်း ၁၄ ဦးကျဆုံး၊ သေဆုံးခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ ဝန်ထမ်းနှစ်ဦး နှင့် ပြည်သူ ၃၇ ဦး ဒဏ်ရာရရှိခဲ့ ကြကြောင်း၊ ရဲတပ်ဖွဲ့မှ လက်နက်မျိုးစုံ ကိုးလက် ဆုံးရှုံးခဲ့မှု အနက် နှစ်လက် ပြန်လည်ရရှိခဲ့ သဖြင့် ခုနစ်လက် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment