တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အနောက်ပိုင်း စစ်နယ်ဝန်း ကွပ်ကဲမှု စစ်ဌာနချုပ်
တပ်မှူး General Zhao Zongqi ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား
ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများက ကြိုဆိုစဉ်
နေပြည်တော် ၊ ၁၂-၁၂-၂၀၁၆
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အနောက်ပိုင်း စစ်နယ်ဝန်း ကွပ်ကဲမှု စစ်ဌာနချုပ် တပ်မှူး General Zhao Zongqi ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ အလုပ်သဘော တွေ့ဆုံဆွေးနွေးရန် အတွက် ယမန်နေ့ နံနက် ၁ဝ နာရီ ၁ဝ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိလာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူး Col. Xiong Shaowe တို့က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)
No comments:
Post a Comment