Pages

Friday, December 2, 2016

ကွတ်ခိုင်မြို့နယ်ရှိ စွန်လုံတံတားကို ပြုပြင်ရန် ယာယီဘေလီတံတားအား စတင် တည်ဆောက်နေ



ကွတ်ခိုင် ၊ ၂-၁၂-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အတွင်း လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုမှ ဖျက်ဆီးခြင်း ခံရသည့် စွန်လုံတံတားကို ပြုပြင်ရန် ယာယီဘေလီ တံတားအား ယမန်နေ့ ညနေပိုင်းမှ စတင်၍ တည်ဆောက် နေကြောင်း သိရသည်။

ခိုမုန်းရွာနှင့် နမ့်အွမ်ရွာကြား ရှိ စွန်လုံတံတားမှာ နိုဝင်ဘာ ၃ဝ ရက် နံနက်ပိုင်း က ဖျက်ဆီးခံခဲ့ ရခြင်းဖြစ်ပြီး အဆိုပါတံတား ပြန်လည်ပြုပြင်ရေး အတွက် ယင်းတံတားနှင့် ဘေးချင်း ယှဉ်လျက်တွင် ယာယီဘေလီ တံတားကို ယမန်နေ့ ညနေပိုင်းက စတင်တည်ဆောက် နေခြင်းဖြစ်သည်။

''စွန်လုံတံတားကို ပြင်ဖို့အတွက် ခရီးသွားတွေ ခရီးကြန့်ကြာမှု မရှိစေဘဲ သွားလို့ရအောင် ယာယီ ဘေလီတံတားကို မနေ့ညနေ ၃ နာရီ လောက်ကစပြီး တည်ဆောက် နေပါတယ်။ သိန်းနီတံတား ကိုပြင်ဖို့လဲ ပစ္စည်းတွေ ချထားပါပြီ'' ဟု အိုရီရမ်တယ် ဟိုက်ဝေးကုမ္ပဏီမှ လားရှိုးမြို့ စီမံကိန်း မန်နေဂျာ ဦးမျိုးအောင် က ပြောပြသည်။

တံတားပြုပြင် နေစဉ်တွင် ယာဉ်မောင်းများ အနေဖြင့်လည်း စည်းကမ်း လိုက်နာစွာ မောင်းနှင်ကြ စေလိုပြီး လက်ရှိတွင် သိန်းနီ တံတားအား ကားကြီးများကို ဖြတ်သန်းခွင့် မပြုကြောင်း၊ တိုင်တန်း ပြောဆိုမှုများကြောင့် ခွင့်ပြုထား ရကြောင်း သိရသည်။

''ကားကြီး ယာဉ်မောင်းဆရာ တွေကို တောင်းပန်ချင် ပါတယ်။ ဖြစ်သွားပြီဆိုရင် ပြန်ပြင်ဖို့ အချိန်ပေးရမှာ ဖြစ်လို့ တံတားကို မဖြတ်ဖို့ မေတ္တာရပ်ခံ တာပါ။ အခုနေ တံတားကိုပြင်ရင် အချိန်ကြာမှ သုံးလေးရက်ပါ။ အားလုံးပြိုကျ သွားမှဆိုရင် အစကနေ ပြန်လုပ်ရမှာပါ။ ယာဉ်မောင်းတွေ၊ ကုန်သည်တွေ၊ ခရီးသွား ပြည်သူတွေ အားလုံး စည်းကမ်း လိုက်နာခြင်းဖြင့် ကူညီပေးကြပါ လို့ ပြောချင်ပါတယ် '' ဟု ယာဉ်မောင်း ဦးအောင်နိုင်ကျော် က ပြောပြသည်။

ထို့ပြင် နိုဝင်ဘာ ၂ဝ ရက်က ပေါက်ကွဲခဲ့သည့် သိန်းနီမြို့ရှိ နမ္မတူတံတား ကို ဒီဇင်ဘာ ၂ ရက်တွင် ပြန်လည် ပြုပြင်မည်ဖြစ်ကာ တံတားပြုပြင်စဉ် တွင်လည်း ခရီးသွားယာဉ်များ တစ်စီးချင်းသာ ဖြတ်သန်းသွားလာ ရမည်ဖြစ်ကြောင်း စီမံကိန်း မန်နေဂျာက ဆက်လက် ပြောပြသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၃)

No comments:

Post a Comment