Pages

Thursday, December 1, 2016

အကြမ်းဖက် သောင်းကျန်းသူများက ကွတ်ခိုင်မြို့နှင့် မုံးကိုးမြို့ရှိ မုံးကိုးကာကင်းစခန်း အား လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်



နေပြည်တော် ၊ ၁-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ကွတ်ခိုင်မြို့ အထွက်ရှိ အိုရီယမ်တယ် တိုးဂိတ်အား ယမန်နေ့နံနက် ၆ နာရီ မိနစ် ၄ဝ ခန့်တွင် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်း အဖွဲ့က လက်နက်ကြီးဖြင့် နှစ်ချက် လာရောက် ပစ်ခတ်ခဲ့သဖြင့် နယ်မြေခံတပ် က လက်နက် ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူပစ်ခတ်မှု ရပ်တန့်သွား ခဲ့သည်။ ဖြစ်စဉ်တွင် လူနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် ရန်သူပစ်ခတ် ခဲ့သည့် ဗုံးသီးများ သည် တိုးဂိတ်၏ အနောက်ဘက် မီတာ ၃ဝဝ ခန့်အကွာတွင် ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာ ၂၉ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်ကလည်း မုံးကိုးမြို့ရှိ မုံးကိုး ကာကင်းစခန်း အား KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ အင်အား ၃ဝ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့ရာ တပ်မတော် စစ်ကြောင်းများက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ရန်သူ ပစ်ခတ်မှု ရပ်တန့်သွား ခဲ့သည်။ ဖြစ်စဉ်တွင် တပ်မတော်မှ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် နေရာနှင့်အနီး ပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော် စစ်ကြောင်း များက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment