Pages

Thursday, December 1, 2016

ပျောက်ဆုံးခဲ့သော ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပြန်လည်ရောက်ရှိ


နေပြည်တော် ၊ ၁-၁၂-၂၀၁၆

ကွတ်ခိုင်မြို့မှ နမ့်ဖတ်ကာ ရဲကင်းစခန်းသို့ ပြန်လာစဉ် နိုဝင်ဘာ ၂၈ ရက် ညပိုင်းက လမ်းခရီး၌ ပျောက်ဆုံးခဲ့သော နမ့်ဖတ်ကာ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် နှစ်ဦးသည် ယမန်နေ့ ညနေပိုင်းတွင် နမ့်ဖတ်ကာ ရဲကင်းစခန်းသို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

နမ့်ဖတ်ကာ ရဲကင်းစခန်းမှ ဒုတိယရဲအုပ် မြင့်ဌေး နှင့် ရဲတပ်ကြပ် လင်းထက် တို့သည် မူဆယ်မြို့မှ နမ့်ဖတ်ကာ ရဲကင်းစခန်းသို့ ပြန်လာစဉ် နိုဝင်ဘာ ၂၈ ရက် ညနေ ၅နာရီခွဲတွင် နမ့်ကွက်ကျေးရွာ သို့အရောက် KIA လက်နက်ကိုင် အဖွဲ့ဝင် ၁ဝ ဦးခန့်က ၄င်းတို့ယာဉ်အား လက်နက်များဖြင့် ချိန်ရွယ် တားဆီးကာ ၄င်းတို့နှစ်ဦးအား KIA လက်နက်ကိုင် အဖွဲ့ စခန်းချနေသည့် တောင်ကုန်း ပေါ်သို့ လက်ထိပ်ခတ်ပြီး ခေါ်ဆောင်သွား ခဲ့ကြောင်း၊ ၄င်းတွင် ကိုယ်ရေး အချက်အလက် များ စစ်ဆေးမေးမြန်း ခဲ့ပြီး လက်ကိုင်ဖုန်း နှစ်လုံးကို သိမ်းဆည်းကာ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ပြန်လည်စေလွှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment