Pages

Saturday, December 24, 2016

တပ်မတော်နှင့် ရဲတပ်ဖွဲ့က မီးရှို့ခြင်း ၊ အဓမ္မပြုကျင့်ခြင်း ၊ မတရားဖမ်းဆီးခြင်း မရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည့် ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး အသတ်ခံရ


နေပြည်တော် ၊ ၂၄-၁၂-၂၀၁၆

သတင်းမှန် ထုတ်ပြန်နိုင်ရေး အတွက် မောင်တောမြို့နယ် ငါးခူရကျေးရွာသို့ မြေပြင်ကွင်းဆင်း သတင်းရယူ နေသည့် ပြည်တွင်းပြည်ပ မီဒီယာ ၁၃ ဦးပါအဖွဲ့၏ မေးမြန်းမှု များကို ဖြေကြားခဲ့ရာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က မီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရားဖမ်းဆီးခြင်း မရှိကြောင်း၊ ကျေးရွာများတွင် ရိုဟင်ဂျာဟု လှုံ့ဆော်မှုများ ရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည့် ကျေးရွာ စေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး တစ်ဦး ယမန်နေ့က အသတ်ခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်တွင်းပြည်ပ မီဒီယာများ ပါဝင်သည့်အဖွဲ့ဝင် ၁၃ ဦးသည် ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းတွင် မောင်တောမြို့နယ် ငါးခူရကျေးရွာသို့ ရောက်ရှိစဉ် ကျေးရွာ စေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး အဖြစ် လုပ်ကိုင်နေသည့် ဒုစ်မာမတ် (ခ) ရှူနာမျာ အား ငါးခူရကျေးရွာ အုပ်ချုပ်ရေးမှူးရုံး နှင့် ငါးခူရ အလယ်ရွာလမ်းမ ပေါ်တွင် သိရှိလိုသည်များ ကို တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ 

သတင်းထောက် များ၏ မေးမြန်းချက်များအား ဖြေကြားခဲ့သူ ဒုစ်မာမတ် (ခ) ရှူနာမျာ သည် ညနေ ၆ နာရီတွင် နေအိမ်သို့ ပြန်လည် ရောက်ရှိပြီး အ၀တ်အစားလဲ၍ ရွာအတွင်းသို့ ပြန်လည်ထွက်ခွာ သွားခဲ့ရာ ည ၁ဝ နာရီ ၄၅ မိနစ်အထိ နေအိမ်သို့ပြန်လည် ရောက်ရှိခြင်း မရှိသဖြင့် ဒုစ်မာမတ် (ခ) ရှူနာမျာ ၏အစ်ကို ဖြစ်သူ ဒီလ်မူဟာမတ် မှ ၄င်း၏ညီ ပျောက်ဆုံး နေကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီအောင်  ထံ သွားရောက် သတင်းပို့ခဲ့ပြီး အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ငါးခူရနယ်မြေ ရဲစခန်းသို့ ဆက်လက် အကြောင်းကြား ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က လိုက်လံ စုံစမ်းလျက် ရှိစဉ် ပျောက်ဆုံးသူ၏ အစ်ကိုဖြစ်သူက ဒိုးတန်းကျေးရွာကြား လယ်ကွင်း ချောင်းစပ် နေရာတွင် မသင်္ကာဖွယ် သွေးကွက်များ တွေ့ရှိကြောင်း အကြောင်းကြား ချက်အရ သွားရောက် စစ်ဆေးခဲ့ရာ ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ဒုစ်မာမတ်(ခ) ရှူနာမျာ ၏ အလောင်းကို စံပယ်ပင်ရင်းချောင်း ထဲတွင် ဦးခေါင်းမပါ၊ ဝဲယာပေါင် နှစ်ဖက်တွင် ဓားထိုးဒဏ်ရာ နှစ်ချက်စီဖြင့် ပြန်လည်တွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။ ဒုစ်မာမတ်(ခ) ရှူနာမျာ အသတ်ခံရမှုနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်စေရေး စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

No comments:

Post a Comment