Pages

Sunday, December 25, 2016

ကလော-အင်းလေး ခြေကျင်ခရီးကို ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားမှုပိုများလာ



ကလော ၊ ၂၅-၁၂-၂၀၁၆

သဘာဝအလှအပများ ခံစားရင်း ဒေသခံများ၏ လူနေမှုဘဝ များကို လေ့လာနိုင်သည့် ကလော-အင်းလေး ခြေကျင်ခရီးကို ယခင်က နိုင်ငံခြားခရီးသွား ဧည့်သည်များသာ သွားရောက် လည်ပတ်လေ့ ရှိသော်လည်း ယခုနှစ်များတွင် ပြည်တွင်းခ ရီးသွားများပါ စိတ်ဝင်စားမှု ပိုမိုများပြား လာကြောင်း ဧည့်လမ်းညွှန်များ ထံမှ သိရသည်။

''အရင်က ကလော-အင်းလေး ခြေကျင် ခရီးကိုသွားတဲ့ ပြည်တွင်း ခရီးသွားဆိုတာ မရှိသလောက် နည်းပါတယ်။ ၂ဝ၁၄ ခုနှစ်က စပြီးတော့ သွားတာတွေ ရှိလာတယ်။ ၂ဝ၁၆ ခုနှစ်အတွင်းမှာ ပြည်တွင်း အဖွဲ့တွေ အတွက် ဝန်ဆောင်မှု ပေးရတာ အခေါက်ရေ ၂ဝ လောက်ရှိသွားပြီ။ စိတ်ဝင်စားမှု ပိုများလာတာ တွေ့ရတယ်'' ဟု ဧည့်လမ်းညွှန် ဝန်ဆောင်မှု လုပ်ငန်းမှ ကိုဆန်းလင်း ကပြောသည်။

ကလောမြို့ အနီးတစ်ဝိုက်၌ ပလောင်၊ ဓနု၊ တောင်ရိုးနှင့် ပအိုဝ်းလူမျိုးများ နေထိုင်ပြီး ညအိပ်ခရီးစဉ် များတွင် ဒေသရှိအိမ်များ၌ တည်းခိုရင်း ဒေသခံ တိုင်းရင်းသား တို့၏ ဓလေ့ထုံးစံ များကို မြင်တွေ့နိုင်ရန် စီစဉ်ပေး ထားကြောင်း သိရသည်။

ကလောမြို့ဝန်းကျင် တစ်ဝိုက်တွင် တစ်ရက်ခရီးနှင့် တစ်ညအိပ် နှစ်ရက်ခရီးများ၊ ကလောမှ အင်းလေးသို့ တစ်ညအိပ် နှစ်ရက်ခရီးနှင့် နှစ်ညအိပ် သုံးရက်ခရီး တို့ကို စီစဉ်ပေးထားပြီး ဧည့်လမ်းညွှန် ဝန်ဆောင်ခ၊ နံနက်စာ၊ နေ့လယ်စာနှင့် ညစာ အပါအဝင် တစ်ရက်တာ အတွက် ငွေကျပ် ၂ဝဝဝဝ ခန့် ကုန်ကျကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment