Pages

Monday, December 19, 2016

မုံးကိုးဒေသတည်ငြိမ်အေးချမ်း လာပြီဖြစ်၍ အကြမ်းဖက် သောင်းကျန်းသူများ လက်နက် ၊ ခဲယမ်းများ သိုလှောင်ထားခဲ့သောကြောင့် ပေါက်ကွဲခဲ့မှု ဖြစ်ပွားခဲ့သည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း အား တပ်မတော်က ပြန်လည်ပြုပြင် တည်ဆောက်


သောင်းကျန်းသူများ သိုလှောင်ထားသော ခဲယမ်းများ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော
 ခရစ်ယာန်ဘုရားရှိခိုးကျောင်း ကိုတွေ့ရစဉ်

ပြန်လည်ပြုပြင် တည်ဆောက်ပေးလျက် ရှိသော ခရစ်ယာန်ဘုရားရှိခိုးကျောင်း ကို တွေ့ရစဉ်

သောင်းကျန်းသူများ သိုလှောင်ထားသော ခဲယမ်းများ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော
 ခရစ်ယာဉ်ဘုရားရှိခိုးကျောင်း ကို ပြန်လည်ပြုပြင်နေစဉ်

သောင်းကျန်းသူများ အသုံးပြုသော လက်နက် ၊ ခဲယမ်းများကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၉-၁၂-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ KIA/ TNLA/MNDAA/AA အကြမ်းဖက် သောင်းကျန်းသူ များက မုံးကိုးမြို့နှင့် မုံးကိုးရှိ တပ်မတော်စခန်းအား သာလွန်အင်အား များဖြင့် အကြိမ်ကြိမ် ကျားထိုးကာ စခန်းသိမ်းတိုက်ပွဲ ကို ၁၇ ရက်ကြာ ဆင်နွှဲတိုက်ခိုက် ခဲ့သည်။

ထိုသို့ မုံးကိုးတပ်စခန်းအား ဝန်းရံပိတ်ဆို့ တိုက်ခိုက်စဉ်အတွင်း အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက မုံးကိုးစခန်း အနီးရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း အတွင်း ကွပ်ကဲမှုနေရာနှင့် လက်နက်၊ ခဲယမ်း အများအပြား သိုလှောင်ကာ ဆောင်ရွက်ခဲ့ ခြင်းကြောင့် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းတွင် KIA/ TNLA/MNDAA/AA အကြမ်းဖက် သောင်းကျန်းသူများ အခြေပြုထားသည့် မုံးကိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တွင် လျှို့ဝှက်စွာ သိုလှောင်ထားသော လက်နက်၊ ခဲယမ်းများ ၂ နာရီကြာခန့် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ယခုအခါ တပ်မတော် စစ်ကြောင်းများက နေ့ညမပြတ် နယ်မြေရှင်းလင်း ဆောင်ရွက်မှု များကြောင့် ဒေသတည်ငြိမ် အေးချမ်းလာပြီ ဖြစ်သကဲ့သို့ တိုက်ပွဲရှောင် ဒေသခံပြည်သူများ အနေဖြင့်လည်း မုံးကိုးမြို့အတွင်း ပြန်လည် ဝင်ရောက်နေထိုင် လာခဲ့ပြီ ဖြစ်သောကြောင့် တပ်မတော်အနေဖြင့် အဆောက်အအုံ ပျက်စီး ဆုံးရှုံးမှုများကို စိစစ်၍ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၃ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ခရစ်ယာန် ဘုရားရှိခိုးကျောင်း အား တပ်မတော်က ဒီဇင်ဘာ ၁၃ ရက်မှစတင်၍ ပြန်လည်ပြုပြင် ပေးလျက်ရှိရာ ယမန်နေ့အထိ နံရံအချောကိုင်ခြင်း လုပ်ငန်း ၁ဝဝ ရာခိုင်နှုန်း၊ သံအမိုးဒိုင်း ပြုလုပ်ခြင်းလုပ်ငန်း ၁ဝဝ ရာခိုင်နှုန်း၊ သံမြားတန်း ပြုလုပ်ခြင်းလုပ်ငန်း ၁ဝဝ ရာခိုင်နှုန်း၊ ဆေးသုတ်ခြင်း လုပ်ငန်း ၃ဝ ရာခိုင်နှုန်း၊ အမိုးလုပ်ငန်း ၁ဝ ရာခိုင်နှုန်း စုစုပေါင်း လုပ်ငန်းအားလုံး၏ ၅ဝ ရာခိုင်နှုန်း ပြီးစီးပြီး မကြာမီဒေသခံ တိုင်းရင်းသားများ ထံ ပြန်လည်လွှဲပြောင်း ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment