Pages

Thursday, December 8, 2016

နယ်မြေမတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်ရာတွင် ပါဝင်သည့် မသင်္ကာသူလေးဦးအား ငွေကြေးများနှင့်အတူ ဖမ်းဆီးရမိ


နေပြည်တော် ၊ ၈-၁၂-၂၀၁၆

မောင်တောမြို့နယ် သဝန်ချောင်း (မြောက်) နှင့် ချိန်ခါလီကျေးရွာ တို့မှ နယ်မြေ မတည်မငြိမ် ဖြစ်စေရန်လှုံ့ဆော်ရာတွင် ပါဝင်သည့် မသင်္ကာ သူလေးဦးအား ယမန်နေ့ ညနေပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိ ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

တစ်ဖက်နိုင်ငံမှ ငွေကြေးများ လွှဲပြောင်း/ လက်ခံရယူပြီး နယ်မြေ မတည်မငြိမ် ဖြစ်စေရန် လှုံ့ဆော်လျက် ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာ ၆ ရက် ညနေ ၅ နာရီခွဲတွင် သဝန်ချောင်း (မြောက်) ကျေးရွာနှင့် ချိန်ခါလီကျေးရွာ တို့သို့ သွားရောက် စစ်ဆေးရာ မသင်္ကာဖွယ် တွေ့ရှိရသည့် သဝန်ချောင်း ကျေးရွာနေ ဂျာဟန်စီ နှင့် အင်မီလောလ်၊ ချိန်ခါလီ ကျေးရွာနေ ဂျာဘူကူးမား နှင့် မော်လဝီ တာဆိန်းအလီ တို့အား ငွေကျပ် သိန်း ၃ဝ နှင့်အတူ ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အင်မီလောလ်၏ ထွက်ဆိုချက်အရ အဆိုပါ ငွေများအား မတည်မငြိမ်မှုများ ဖြစ်စေရန် လှုံ့ဆော်ရာတွင် အသုံးပြုရန်အတွက် မောင်တောမြို့ မြို့မကညင်တန်း နေ ဂျာဘော်ရော်ဒိန် ထံမှ လက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖမ်းဆီးရမိသူ လေးဦးအား တရားဥပဒေနှင့် အညီ အရေးယူနိုင်ရေး စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment