Pages

Thursday, December 29, 2016

မုံးကိုးမြို့နှင့် အနီးတစ်ဝိုက် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၂၉-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့နှင့် အနီး ပတ်ဝန်းကျင်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေးနှင့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ယမန်နေ့ နံနက် ၇ နာရီခွဲခန့်တွင် မုံးကိုးမြို့အနီး လမ်းဘေးချုံ အတွင်းမှ ဆာလာအိတ်ဖြင့် ထုပ်ထားသော အမ် ၂၁ သေနတ် တစ်လက်၊ ၄င်းကျည်အိမ် တစ်ခုနှင့် ၄င်းကျည် ၂၁ တောင့်တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

အလားတူ ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲခန့် တွင်လည်း မုံးကိုးမြို့၊ အမှတ်(၆) ရပ်ကွက်ရှိ လူမနေသည့် အိမ်ဟောင်းအတွင်းမှ ပစ္စတို တစ်လက်၊ ကျည်မျိုးစုံ ၅၃၃ တောင့်၊ RPG ဗုံးသီးနှစ်လုံး၊ စက်လတ် ကျည်ခါးပတ် နှစ်ခု၊ လက်ပစ်ဗုံးနှစ်လုံး နှင့် လမ်းလျှောက် စကားပြောစက် တစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။

တပ်မတော် စစ်ကြောင်းများက နယ်မြေ လုံခြုံရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment