Pages

Thursday, December 8, 2016

နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်များ သိမ်းဆည်းရမိ




နေပြည်တော် ၊ ၈-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ နမ့်ကွတ်ကျေးရွာ အနီး နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စစ်ကြောင်းအား ဒီဇင်ဘာ ၅ ရက် ည ၉ နာရီခန့်တွင် KIA/ TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ အင်အား ၃ဝ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် သောင်းကျန်းသူများ တောင်ဘက် သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်းနှင့် တပ်မတော်မှ အရာရှိ၊ စစ်သည် တချို့ ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ကြောင်း နိုဝင်ဘာ ၇ ရက်တွင် မြဝတီသတင်းစာ ၌ သတင်းထုတ်ပြန် ဖော်ပြခဲ့ပြီး ဖြစ်သည်။

ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် စစ်ကြောင်းများက အနီးဝန်းကျင် တစ်ဝိုက်အား အသေးစိတ် လိုက်လံ ရှင်းလင်းစဉ် အကြမ်းဖက် သောင်းကျန်းသူများ နေထိုင်ခဲ့သည့် သစ်ရွက်တဲ ခုနစ်လုံး၊ ဆက်သွယ်ရေးမြောင်းများ အနီးမှ မှတ်ပုံတင်နှစ်ခုနှင့် နယ်စပ်ဝင်ထွက် သွားလာခွင့် လက်မှတ်နှစ်ခု တို့အား သိမ်းဆည်းရမိ ခဲ့ပြီး ၄င်းတို့သည် ကာမိုင်းနှင့် တနိုင်းဘက်မှ KIA အကြမ်းဖက် သောင်းကျန်းသူ တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းနှင့် နယ်စပ်ဝင်ထွက် သွားလာခွင့် ကတ်များကို ကိုင်ဆောင်၍ နယ်စပ်ဖြတ်ကျော် သွားလာပြီး တိုက်ပွဲဝင် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment