Pages

Tuesday, December 6, 2016

မြန်မာ့တပ်မတော် မှ အားကစားအဖွဲ့များ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရန် လာအိုနိုင်ငံသို့ထွက်ခွာ


ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး နှင့်
တာဝန်ရှိသူများ မြန်မာ့တပ်မတော် အားကစားအဖွဲ့အား ပို့ဆောင်နှုတ်ဆက်

နေပြည်တော် ၊ ၆-၁၂-၂၀၁၆

မြန်မာ-လာအို တပ်မတော်နှစ်ရပ် အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြင့်စေရန် ရည်ရွယ်၍ ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင် ကစားရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် ထွန်းထွန်းညီ ဦးဆောင်သော မြန်မာ့တပ်မတော် ဘောလုံး၊ ဘော်လီဘော နှင့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့ များသည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ယမန်နေ့နံနက် ၈ နာရီတွင် နေပြည်တော် လေဆိပ်မှ လေကြောင်းဖြင့် ထွက်ခွာကြရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မိုးမြင့်ထွန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံ ဒုတိယစစ်သံမှူး LTC Latsamy KEOMIXAY နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါ မြန်မာ့တပ်မတော် ဘောလုံး၊ ဘော်လီဘော နှင့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့ များတွင် ပြိုင်ပွဲဝင် အားကစားသမား ၅၇ ဦး လိုက်ပါသွားကြပြီး လာအိုပြည်သူ့ တပ်မတော်မှ ဘောလုံးအသင်း၊ ဘော်လီဘော အသင်း၊ ပိုက်ကျော်ခြင်း အသင်းတို့နှင့် ချစ်ကြည်ရေး အားကစားပြိုင်ပွဲ များကို ဒီဇင်ဘာ ၉ ရက်အထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment