Pages

Friday, December 30, 2016

အနုပညာအထက်တန်းကျောင်း (မန္တလေး) ပန်တျာဌာန နယ်ဝေး ကျောင်းသား ၊ ကျောင်းသူများအတွက် အဆောင်များ ပြန်လည်ဖွင့်လှစ်ထား



မန္တလေး ၊ ၃၀-၁၂-၂၀၁၆

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာန လေ့ကျင့်ရေးနှင့် သုတေသနဌာန (ခွဲ) အနုပညာ အထက်တန်းကျောင်း (မန္တလေး) ပန်တျာဌာန တွင် နယ်ဝေးမှ လာရောက်၍ ပညာသင်ကြား ကြသော ကျောင်းသူ၊ ကျောင်းသားများ အတွက် နေထိုင်နိုင်ရန် အဆောင်များ ပြန်လည် ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက် ထားကြောင်း သိရသည်။

အဆိုပါ အနုပညာ အထက်တန်းကျောင်း (မန္တလေး) ပန်တျာဌာနသို့ မန္တလေးဧရိယာ ပြင်ပမှ လာရောက်ပညာ သင်ကြားသည့် ကျောင်းသူ၊ ကျောင်းသားများကို အဆောင် နေထိုင်ခွင့် လက်ခံသွား မည် ဖြစ်ပြီး လက်ရှိ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် လာရောက် သင်ကြားကြသော နယ်ဝေး ကျောင်းသား ၁၄ ဦးကို ယခုလ ၁၅ ရက်မှစတင်၍ အဆောင်များ၌ စတင်နေထိုင်ခွင့် ပြုထားကြောင်း အနုပညာ အထက်တန်းကျောင်း (မန္တလေး) ပန်တျာဌာနမှ ကျောင်းအုပ်ကြီး ဦးအောင်သက်ထွန်း က ပြောပြသည်။

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် အနုပညာ အထက်တန်းကျောင်း (မန္တလေး) ပန်တျာဌာန၌ ပထမနှစ်တွင် ပညာသင်ကြား နေသော ကျောင်းသား ရှစ်ဦး၊ ကျောင်းသူ ရှစ်ဦး၊ ဒုတိယနှစ်တွင် ပညာသင်ကြား နေသော 

ကျောင်းသား ကိုးဦး၊ ကျောင်းသူ သုံးဦး၊ တတိယနှစ်တွင် ပညာသင်ကြား နေသော ကျောင်းသား ၁၅ ဦး၊ ကျောင်းသူ နှစ်ဦး စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ၄၅ ဦး ပညာသင်ကြား လျက်ရှိကြောင်း အဆိုပါဌာနမှ သိရသည်။

အနုပညာ အထက်တန်းကျောင်း (မန္တလေး) ပန်တျာဌာန၌ ပညာသင်ကြားရန် နှစ်စဉ် မေလပိုင်းတွင် ကျောင်းသားအသစ် ခေါ်ယူလျက်ရှိရာ သတ္တမတန်း အောင်မြင်ပြီး အသက် (၂ဝ)နှစ် မကျော်သူများ တက်ရောက်နိုင် ကြောင်း အဆိုပါဌာနမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment