Pages

Tuesday, November 1, 2016

Swimming Doctors-3 ဆေးကုသရေးရေယာဉ် ပုသိမ်မှ ကျိုက်လတ်မြို့ သို့ စတင်ထွက်ခွာမည်



ပုသိမ် ၊ ၁-၁၁-၂၀၁၆

ဂျာမနီနိုင်ငံက လှူဒါန်းခဲ့သည့် Swimming Doctors-3 ဆေးကုသရေး ရေယာဉ်သည် ပြည်သူများအား ဆေးကုသမှု များ ပြုလုပ်ပေးရန် နိုဝင်ဘာ ၁ ရက်တွင် ကျိုက်လတ်မြို့သို့ စတင် ထွက်ခွာမည် ဖြစ်ကြောင်း Uniteam Marine (Yangon) Limited မှ သိရသည်။

ဂျာမနီနိုင်ငံမှ ကုန်ကျစရိတ် လှူဒါန်းပြီး မြန်မာ့သင်္ဘောကျင်း လုပ်ငန်းက တည်ဆောက် ခဲ့သည့်  Swimming Doctors-3 ဆေးကုသရေး ရေယာဉ်သည် မြစ်ဝကျွန်းပေါ် ဒေသများ၌ လှည့်လည်၍ ပြည်သူများအား ဆေးကုသ ပေးရန် ပုသိမ်မြို့မှ ကျိုက်လတ် မြို့သို့ စတင်ထွက်ခွာ မည်ဖြစ်ကြောင်း သိရသည်။

Swimming Doctors-3 ဆေးကုသရေး ရေယာဉ်သည် မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းသို့  Uniteam Marine (Yangon) Limited မှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်တွင် တည်ဆောက်ရန် စာချုပ် ချုပ်ဆိုပြီး အပ်နှံထားသော ရေယာဉ်ဖြစ်ကာ ဂျာမနီနိုင်ငံ Stiftung life Foundation က လှူဒါန်းသည့် ပံ့ပိုးငွေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Swimming Doctors-3 ဆေးကသု ရေး ရေယာဉ် ကိုယ်ထည်သည် အလျား ၁၀၀ ပေ ၊ ဗြက် ၂၈ ပေ၊ ဇောက် ၈ ပေ၊ ရေစူး ၃ ပေ ၃ လက်မရှိပြီး ပင်မအင်ဂျင် အဖြစ် ၁၇၆ ကီလိုဝပ် အင်ဂျင်နှစ်လုံး နှင့် မီးစက် နှစ်လုံးကို တပ်ဆင် ထားသည်။ ရေယာဉ်၌ ဆေးကုသခန်း သုံးခန်း ဓာတ်ခွဲခန်း တစ်ခန်း၊ မျက်စိကုသခန်း တစ်ခန်း၊ သွားဆေးခန်း တစ်ခန်းနှင့် ဆေးသိုလှောင်ခန်း တစ်ခန်းတို့ ပါဝင်ပြီး ရေယာဉ်တန်ဖိုးမှာ ဆေးရုံ၊ ဆေးခန်းသုံး ပစ္စည်းမပါ ငွေကျပ် သိန်း ၄၈၃ဝ ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment