Pages

Tuesday, November 1, 2016

မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ Ling Guang Si ဘုရားကျောင်း၌ ဗုဒ္ဓမြတ်စွယ်တော် အား သွားရောက်ဖူးမြော် ကြည်ညို


Ling Guang Si ဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးတွေ့ရစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ Ling Guang Si ဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော် အား ဖူးမြော် ကြည်ညိုစဉ်


နေပြည်တော် ၊ ၁-၁၁-၂၀၁၆

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ တွင် ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ရှိနေသည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်း တွင် Ling Guang Si ဘုရားကျောင်းရှိ ဗုဒ္ဓ မြတ်စွယ်တော်အား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင် များသည် Ling Guang Si ဘုရားကျောင်း ဆရာတော် Chang Zang အား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ဗုဒ္ဓ မြတ်စွယ်တော်ကို ဖူးမြော်ကြည်ညို ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် CETC ကုမ္ပဏီသို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။ ဦးစွာ CETC ကုမ္ပဏီမှ တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ပြီး ခင်းကျင်းပြသ ထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသသည်။ ယင်းနောက် အစည်းအဝေး ခန်းမတွင် ကုမ္ပဏီဥက္ကဋ္ဌ Mr. Fan Youshan ကကြိုဆို နှုတ်ဆက်စကား ပြောကြားပြီး တာဝန်ရှိသူ များက ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ များအား ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သိရှိလိုသည်များ အား ဆွေးနွေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် 
CETC ကုမ္ပဏီဥက္ကဋ္ဌ Mr. Fan Youshan တို့ တွေ့ဆုံဆွေးနွေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ 
CETC ကုမ္ပဏီအတွင်း ကြည့်ရှုလေ့လာစဉ်

ထို့နောက် အထိမ်းအမှတ် ပစ္စည်းများ အပြန်အလှန် လဲလှယ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment