Pages

Sunday, November 27, 2016

KIA/TNLA/MNDAA အကြမ်းဖက် သောင်ကျန်းသူ အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ ၊ ပြည်ထောင်စု လမ်းမကြီးတွင်လည်း မိုင်းခွဲဖျက်ဆီးမှုပြုလုပ်


ဒဏ်ရာရရှိသော အမျိုးသမီးကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၇-၁၁-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အတွင်း ယမန်နေ့က KIA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ ခဲ့ပြီး ပြည်ထောင်စု လမ်းမကြီးတွင်လည်း မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး ခံရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

ကွတ်ခိုင်မြို့နယ် ကောင်ခါးမိန်ပြိန်း အုပ်စု ပန်နိမ်ရွာမှ ဒေါ်အေမန် သည် မန်လွယ်ကျေးရွာ နှင့် နမ့်ဖလွန်းကျေးရွာ ကြားရှိ ၄င်းပိုင်ပြောင်းခြံ၌ ပြောင်းဖူးချိုး နေစဉ် ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဝဲဘက်ရင်အုံတွင် သေနတ်ကျည် ဖောက်ဝင်ပြီး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ သဖြင့် နမ့်ဖတ်ကာရွာရှိ မေတ္တာရှင် လူမှုကူညီရေး အသင်းက နမ့်ဖတ်ကာ ဆေးရုံမှ တစ်ဆင့် မူဆယ်ဆေးရုံ သို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ကွတ်ခိုင်မြို့နယ် နမ့်ခိုင်ရွာအနီးရှိ နမ့်ခိုင်တံတား ရဲကင်းအား KIA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက မန်လွယ်ကျေးရွာ ဘက်မှ လက်နက်ငယ် များဖြင့် ၃ မိနစ်ခန့် လာရောက် ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် များက ပစ်ခတ်သဖြင့် ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း၊ ယင်း ဖြစ်စဉ်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

KIA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များသည် ယမန်နေ့ ည ၈ နာရီ မိနစ် ၅ဝ ခန့်ကလည်း လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ် (၂၃) တစ်ဝိုက်ရှိ စံလောင်းကျေးရွာ အနီးတွင် ကားလမ်းအား မိုင်းဖောက်ခွဲ ဖျက်ဆီးခဲ့ရာ အချင်း ၁ ပေ၊ အနက် ၈ လက်မခန့်ရှိ မြေကျင်းနှစ်ခု ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment