Pages

Sunday, November 27, 2016

KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက ကွတ်ခိုင်မြို့အား လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်


နေပြည်တော် ၊ ၂၇-၁၁-၂၀၁၆

KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ သည် ယမန်နေ့ ညပိုင်းက ကွတ်ခိုင်မြို့တွင်း သို့ လက်နက်ငယ်၊ ဗုံးပစ်လောင်ချာ နှင့် လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန် ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များသည် ယမန်နေ့ ည ၉ နာရီခွဲခန့်က ကွတ်ခိုင်မြို့အား ၄ဝ မမ ဗုံးပစ်လောင်ချာဖြင့် တစ်ချက်၊ ၆ဝ မမ စိန်ပြောင်းဖြင့် နှစ်ချက် နေရာနှစ်ခုမှ ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့ များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြန်လည်ပစ်ခတ် ခဲ့သဖြင့် ည ၉ နာရီ မိနစ် ၅ဝ ခန့်တွင် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ ၄င်းတို့ ပစ်ခတ်ခဲ့သော ၆ဝ မမ ဗုံးသီးများမှာ လွယ်အွန်းကျေးရွာ အနီး ကျရောက် ပေါက်ကွဲပြီး ၄ဝ မမ ဗုံးသီးမှာ မြို့မ အထကကျောင်း အနီး တောစပ်အတွင်းသို့ ကျရောက်ပေါက်ကွဲ ခဲ့သော်လည်း လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ ၄ဝ မမဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်သည့် ကွတ်ခိုင်မြို့ ရပ်ကွက်(၁) အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့များက လိုက်လံ ရှင်းလင်းစဉ် ည ၁ဝ နာရီခန့်တွင် လက်နက်ကိုင် နှစ်ဦးသည် ဆိုင်ကယ်ဖြင့် လက်နက်ငယ် လေးချက်ခန့် ပစ်ခတ်၍ ပြည်ထောင်စု လမ်းမကြီးဘက် သို့ မောင်းနှင်ထွက်ပြေး သွားကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment