Pages

Wednesday, November 9, 2016

အလယ်တန်းကျောင်းဝင်း အတွင်းရှိ ဆရာမများ၏ အိပ်ဆောင်အား ဘင်္ဂါလီတချို့မှ မီးရှို့ဖျက်ဆီး


မြင်းလွတ် (အနောက်) ရွာမကျေးရွာ အလယ်တန်း ကျောင်းဝင်း အတွင်းရှိ ဆရာမများ၏ 
အိပ်ဆောင် မီးလောင်မှုကို တွေ့ရစဉ်

နေပြည်တော် ၊ ၉-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြင်းလွတ် (အနောက်) ရွာမကျေးရွာ အလယ်တန်း ကျောင်းဝင်း အတွင်းရှိ ဆရာမများ၏ အိပ်ဆောင်အား နိုဝင်ဘာ ၇ ရက် ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဘင်္ဂါလီတချို့က မီးရှို့ဖျက်ဆီး ခဲ့သဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ အိပ်ဆောင်အား တပ်မတော်သားများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ရွာသူ/ရွာသား များက ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ရာ ည ၉ နာရီခန့်တွင် မီးငြိမ်းသွား ခဲ့သည်။

အဆိုပါမီးရှို့ ဖျက်ဆီးမှုကြောင့် အလျား ၄ဝ ပေ၊ အနံ ၁၂ ပေရှိ အိပ်ဆောင်တစ်ခု ပျက်စီးဆုံးရှုံး ခဲ့ရပြီး အကြမ်းဖက် ဘင်္ဂါလီ တချို့က တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ အပေါ် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန်နှင့် ပြဿနာ ထပ်မံဖြစ်ပွား စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။



မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment