Pages

Friday, November 25, 2016

မူဆယ်မြို့ တိုက်ပွဲရှောင်စခန်းများရှိ ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်


မူဆယ်မြို့ တိုက်ပွဲရှောင်စခန်းများရှိ ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်စဉ်

နေပြည်တော် ၊ ၂၅-၁၁-၂၀၁၆

နယ်စပ်ရေးရာ ဝန်ကြီးဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ တိုက်ပွဲရှောင် စခန်းများရှိ ဒေသခံပြည်သူ များနှင့် ဝန်ထမ်း မိသားစုများ စုစုပေါင်း အိမ်ထောင်စု ၁ဝဝဝ စု၊ လူဦးရေ ၃၄၆ဝ ဦးတို့အတွက် ဆန်အိတ် ၂၈၄ အိတ်၊ ဆီ ၅၄၅ ပိဿာ၊ ကုလားပဲ ၁၂၁၁ ပိဿာ၊ ဆား ၁၂၂ ပိဿာနှင့် ခြုံစောင် အထည် ၁ဝဝဝ တို့ကို ထောက်ပံ့ပေးခဲ့ရာ ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကယ်ဆယ်ရေး စခန်းများသို့ သွားရောက် လွှဲပြောင်းပေးအပ် ခဲ့သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ဒေသ တွင် လတ်တလော ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင် ဒေသခံတိုင်းရင်းသား ပြည်သူများအား မူဆယ်မြို့ရှိ မဟာဝန် (မြောက်) ဘုန်းကြီးကျောင်း၊ ဇေတဝန်
ကမ္မဋ္ဌာန်းကျောင်း၊ အောင်မင်္ဂလာ ဘုန်းကြီးကျောင်း၊ နမ့်ခွမ် ဘုန်းကြီးကျောင်း၊ ဟိုမွန်ရပ်ကွက် ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်း၊ စိန့်ပီတာ ခရစ်ယာန်ကျောင်း၊ ဂေါ်ရခါး သာရေးနာရေး လူငယ်အသင်း တို့တွင် လည်းကောင်း၊ ဝန်ထမ်း မိသားစုများအား အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း နှင့် အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်း တို့တွင် လည်းကောင်း ယာယီ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ကာ လိုအပ်သော ကူညီ စောင့်ရှောက်မှု များနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment