Pages

Thursday, November 24, 2016

မောင်တောမြို့နယ် ဒါးကြီးဇားကျေးရွာအနီး မီးရှို့ထားကြောင်း တွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်း သတ်ခဲ့ရ



နေပြည်တော် ၊ ၂၄-၁၁-၂၀၁၆

မောင်တောမြို့နယ် ဒါးကြီးဇားကျေးရွာ အတွင်း လူနေအိမ်အချို့ မီးလောင်ကျွမ်း နေသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက် မီးငြှိမ်းသတ် ခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

နယ်မြေခံ တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခွဲက မောင်တောမြို့နယ် ဒါးကြီးဇားကျေးရွာ အနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ကျေးရွာ အနီးတစ်ဝိုက်၌ မီးခိုးများ ထွက်နေသည်ကို တွေ့ရှိ၍ သွားရောက် စစ်ဆေးရာ ကျေးရွာအတွင်း လူနေအိမ်အချို့ မီးလောင်ကျွမ်း နေကြောင်းတွေ့ရှိရ သဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲတွင် မီးငြိမ်းသွား ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်း မှုကြောင့် နေအိမ် ခုနစ်လုံး ပျက်စီးခဲ့ရပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖြတ်သန်း သွားလာမှုနှင့် အချိန်ကိုက်၍ ရွာတွင်းရှိသူ အချို့မှ မီးရှို့ခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment