Pages

Wednesday, November 30, 2016

ကွတ်ခိုင်မြို့နယ် ၊ နမ့်ဖတ်ကာရဲကင်းစခန်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် နှစ်ဦး လက်နက်မဲ့ဖြင့် ပျောက်ဆုံး


ရဲတပ်ဖွဲ့ဝင်နှစ်ဦး စီးနင်းခဲ့သည့် ဟွန်ဒါဖစ်အမျိုးအစားယာဉ်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၃၀-၁၁-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်းကျေးရွာ တစ်ဝိုက် မော်တော်ယာဉ် များအား အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက ပိတ်ဆို့ထားကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းက နိုဝင်ဘာ ၂၈ ရက် ည ၇ နာရီခန့်တွင် သွားရောက် ရှင်းလင်းရာ ကွတ်ခိုင်-မူဆယ် သွား ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၃၃ နှင့် ၂၃၇ အကြား၌ ဒိုင်နာယာဉ် တစ်စီးနှင့် ၁၂ ဘီးယာဉ် နှစ်စီးတို့ ရပ်တန့်ထား သည်ကို တွေ့ရှိသဖြင့် စိစစ်မေးမြန်းရာ လုံခြုံရေး စိတ်မချရ သဖြင့် ရပ်တန့်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော် စစ်ကြောင်းက နယ်မြေ ဆက်လက် ရှင်းလင်းရာ အဆိုပါနေရာမှ ၁ ဖာလုံခန့် အကွာ၌ ဟွန်ဒါဖစ် အမျိုးအစား ယာဉ်အမှတ်၊ YGN - 4G/ ----အား တွေ့ရှိရ၍ အသေးစိတ် စစ်ဆေးခဲ့သည်။ အဆိုပါ ယာဉ်မှာ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ရဲကင်းစခန်းမှ ဒုတိယရဲအုပ် မြင့်ဌေး နှင့် ရဲတပ်ကြပ် လင်းထက် တို့နှစ်ဦးက ကွတ်ခိုင်မြို့မ ရဲစခန်းမှ တရားခံ နှစ်ဦးအား မြို့နယ်တရား ရုံးသို့ တရားစွဲဆို နိုင်ရန် သွားရောက်ပို့ဆောင် ခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတို့နှစ်ဦးသည် တရားခံ နှစ်ဦးအား ပို့ဆောင်ပြီး နမ့်ဖတ်ကာ ရဲကင်းစခန်းသို့ ပြန်လာစဉ် လက်နက်မဲ့ ပျောက်ဆုံးလျက် ရှိကြောင်း စုံစမ်း သိရှိရသည်။

ဖြစ်စဉ်တွင် ပျောက်ဆုံးလျက် ရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ပြန်လည် တွေ့ရှိရေး၊ အဖြစ်မှန် ပေါ်ပေါက်နိုင်ရေး စုံစမ်း စစ်ဆေးလျက် ရှိကြောင်းနှင့် တပ်မတော် စစ်ကြောင်းများက အဆိုပါနေရာ တစ်ဝိုက်အား နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment