Pages

Tuesday, November 29, 2016

မောင်တောမြို့နယ် အကြမ်းဖက်တိုက်ခိုက်မှုများ နှင့် ဆက်စပ်ဖြစ်စဉ်များတွင် ပါဝင်ခဲ့သည်ဟု ယူဆရသည့် မသင်္ကာသူ ၄ ဦးဖမ်းဆီးရမိ


အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်စဉ်များတွင် ပါဝင်ခဲ့သည်ဟု ယူဆရသည့် 
မသင်္ကာသူများကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၉-၁၁-၂၀၁၆

မောင်တောမြို့နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များတွင် ပါဝင်ပတ်သက် နိုင်သည့် မသင်္ကာသူ လေးဦးအား နိုဝင်ဘာ ၂၆ ရက် နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိပြီး ဝါးပိတ်ကျေးရွာနှင့် သက္ကယ်ပြင် ကျေးရွာ အကြားမှ အလောင်း တစ်လောင်းတွေ့ရှိ ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

မောင်တောမြို့နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များနှင့် ဆက်စပ်ဖြစ်စဉ် များတွင် ပါဝင်ပတ်သက် နိုင်သည့် မသင်္ကာသူ များဖြစ်ကြသော ဝါးပိတ်ကျေးရွာနေ ဆွေတာမောက် ၅၈ နှစ်၊ ဆွေယော့ဟူဆောင်း ၆၅ နှစ်၊ ဆာလီအာမွတ် ၅၁ နှစ် ပေါင်းသုံးဦးအား နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲက ဝါးပိတ် ကျေးရွာအနီးမှ လည်းကောင်း၊ ရွှေဇားအလယ်ရွာ နေ ဟူဆိန်းအားမက် ၃၂ နှစ်အား နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မောင်တော မြို့မဈေး အတွင်းမှ လည်းကောင်း စုစုပေါင်း လေးဦးကို ဖမ်းဆီးရမိ ခဲ့ကြောင်း၊ ဖမ်းဆီးရမိသူ များအား တရားဥပဒေ နှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် မောင်တောမြို့နယ် ဝါးပိတ်ကျေးရွာ အနီး နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ဝါးပိတ်ကျေးရွာနှင့် သက္ကယ်ပြင် ကျေးရွာအကြား၌ အင်္ကျီ တီရှပ်နီညို၊ ပုဆိုးအနက်ရောင် ဝတ်ဆင်ထား သော အမည်၊ အသက်၊ နေရပ်လိပ်စာ စိစစ်ဆဲ အမျိုးသား တစ်ဦး၏ အလောင်း တစ်လောင်း တွေ့ရှိ၍ စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာများ မရှိဘဲ အအေးမိ၍ သေဆုံးနေသည့် လက္ခဏာ တွေ့ရှိရသဖြင့် မောင်တော ဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်၍ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment