Pages

Thursday, November 10, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လ်ဂျီယံနိုင်ငံ ၊ ဘရပ်ဆဲလ်မြို့ မှ အီတလီနိုင်ငံ ဗင်းနစ်မြို့ သို့ရောက်ရှိ



နေပြည်တော် ၊ ၁၀-၁၁-၂၀၁၆

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့သို့ အလုပ်သဘော ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅ဝ မိနစ်တွင် ဘရပ်ဆဲလ်မြို့ အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ အီတလီနိုင်ငံ၊ ဗင်းနစ်မြို့သို့ လေကြောင်း ခရီးဖြင့် ထွက်ခွာရာ ယင်းလေဆိပ် တွင် ဘယ်လ်ဂျီယံ နိုင်ငံနှင့် ဥရောပသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးပေါ်လွင်စိန် နှင့် တာဝန်ရှိသူများက လိုက်ပါပို့ဆောင် နှုတ်ဆက်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့သို့ ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြပြီး လေဆိပ်တွင် အီတလီနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမြင့်နောင် နှင့်တာဝန် ရှိသူများက ကြိုဆို နှုတ်ဆက်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အီတလီနိုင်ငံ ခရီးစဉ်သည် အလုပ်သဘော ချစ်ကြည်ရေး ခရီးစဉ်တစ်ခု ဖြစ်ပြီး အီတလီနိုင်ငံရှိ စက်မှုလုပ်ငန်းများ လေ့လာရန်နှင့် အီတလီ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် စစ်ဘက် ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment