Pages

Monday, November 28, 2016

ဖင်လန်နိုင်ငံက ပထမဆုံးစံပြနိုင်ငံ အဖြစ် ကျောက်မီးသွေးသုံးစွဲမှု အပြီးအပိုင် ရပ်ဆိုင်းမည်



ဟယ်လ်ဆင်ကီး ၊ ၂၈-၁၁-၂၀၁၆

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရန်၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ရန်နှင့် သဘာဝ သယံဇာတများ ကုန်ခန်းစေမှုကို ရပ်တန်းက ရပ်ရန် ဖင်လန်နိုင်ငံက ပထမဆုံး စံပြနိုင်ငံအဖြစ် ကျောက်မီးသွေး သုံးစွဲမှုကို လျှော့ချသွားမည် ဖြစ်ပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် ကျောက်မီးသွေး သုံးစွဲမှုကို အပြီးအပိုင် ရပ်ဆိုင်းမည် ဖြစ်ကြောင်း သိရသည်။

ဖင်လန်နိုင်ငံ သည် ကာဗွန် ထုတ်လွှတ်မှု ကင်းမဲ့သော သန့်စင်စွမ်းအင် သုံးစွဲရေးကို ၂ဝ၅ဝ ပြည့်နှစ်အမီ အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး ၄င်းစီမံကိန်း အောင်မြင်နိုင်ရန် ကျောက်မီးသွေး သုံးစွဲမှုကို ရှေးဦးစွာ လျှော့ချရန် လိုအပ်နေကြောင်း၊ ထိုကဲ့သို့ ကျောက်မီးသွေး သုံးစွဲမှုကို လျှော့ချခြင်းသည် အပြည်ပြည် ဆိုင်ရာ ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေးက သတ်မှတ်ထားသော စံချိန်စံညွှန်း များကို လိုက်နာရာလည်း ရောက်ကြောင်း၊ သို့သော် ဖင်လန်နိုင်ငံက ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချရန်သာ မဟုတ်ဘဲ အပြီးအပိုင် ရပ်ဆိုင်းပစ်ရန် ရည်ရွယ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း တွင်၂ဝ၅ဝ ပြည့်နှစ်အမီ ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှု ကင်းမဲ့သော နိုင်ငံများ ဖြစ်စေရန် ကြိုးပမ်းနေကြ သူများထဲတွင် ဗြိတိန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့ ပါဝင်ပြီး ၄င်းတို့သည် ကျောက်မီးသွေး သုံးစွဲမှုကို အပြီးအပိုင် ရပ်နားရန် မဟုတ်ဘဲ မတူကွဲပြားသော အစီအစဉ်များ ရှိကြကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment