Pages

Thursday, November 3, 2016

မသင်္ကာဖွယ်ရာ ဘင်္ဂါလီနှစ်ဦးအား ဖမ်းဆီးရမိ



နေပြည်တော် ၊ ၃-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့က နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် နိုဝင်ဘာ ၁ ရက် ညနေ ၄ နာရီခန့်တွင် နွားရုံတောင် ကျေးရွာ၏ အရှေ့ဘက် မီတာ ၂ဝဝဝ ခန့်အကွာ၌ မောင်တောမြို့နယ်၊ ဇူလကျေးရွာ နေ မသင်္ကာဖွယ်ရာ ဘင်္ဂါလီများ ဖြစ်သည့် ကာလူမီဟာ (ဘ) မာမတ်အီစမာ နှင့် ဂျာမူဟူဆောင်း (ဘ) နိုဟူဆောင်း တို့နှစ်ဦးအား ဝါဒဖြန့်ရာ၌ ပြုလုပ်ထားသည့် အသံဖိုင်ပါ တယ်လီဖုန်း တစ်လုံးတို့နှင့် အတူ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိ ဘင်္ဂါလီနှစ်ဦး အား တရားဥပဒေ အရ အရေးယူ ဆောင်ရွက်နိုင်ရေး နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ် (ကျီးကန်းပြင်) သို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment