Pages

Wednesday, November 2, 2016

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း အိန္ဒိယရေတပ် ဦးစီးချုပ် အား ဂုဏ်ပြုကြိုဆို ၊ လက်ခံတွေ့ဆုံ


ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် အိန္ဒိယရေတပ် ဦးစီးချုပ် Admiral Sunil Lanba, PVSM, AVSM, ADC တို့ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း အိန္ဒိယရေတပ် ဦးစီးချုပ် Admiral Sunil Lanba, PVSM, AVSM, ADC ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံစဉ်

နေပြည်တော် ၊ ၂-၁၁-၂၀၁၆

ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယမန်နေ့နံနက် ၈ နာရီ ခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာရှေ့၌ အိန္ဒိယရေတပ် ဦးစီးချုပ် Admiral Sunil Lanba, PVSM, AVSM, ADC အား ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆို သည်။

ဦးစွာ ဂုဏ်ပြုကြိုဆို ပွဲသို့ အိန္ဒိယရေတပ် ဦးစီးချုပ် Admiral Sunil Lanba သည် မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့် အိန္ဒိယရေတပ် ဦးစီးချုပ် တို့သည် အလေးပြုခံ စင်မြင့်သို့ သွားရောက်၍ ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကို ခံယူသည်။

ယင်းနောက် အိန္ဒိယရေတပ် ဦးစီးချုပ် သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးပြီး ဂုဏ်ပြုကြိုဆို ပွဲသို့ တက်ရောက် လာကြသည့် အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေး ကြသည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် အိန္ဒိယရေတပ် ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်အတူ ရေတပ် သင်္ဘောကျင်း ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် မြင့်ဦး၊ တပ်မတော်(ရေ) မှ အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယရေတပ် ဦးစီးချုပ် နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ ရေ တပ်စစ်သံမှူး Captain Manmeet S Khurana နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် မြန်မာ-အိန္ဒိယ ရေတပ်နှစ်ရပ် အကြား ရှေးယခင် ကတည်းက ဆက်ဆံခဲ့မှု အခြေအနေများ၊ သင်တန်းသား စေလွှတ်ရေးများ၊ သတင်း အချက်အလက် နှင့်နည်းပညာများ အပြန်အလှန် ဖလှယ်ရေးများနှင့် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေး ဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးကြပြီး ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့် အိန္ဒိယရေတပ် ဦးစီးချုပ် တို့သည် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်၍ အဖွဲ့ဝင်များ နှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

၎င်းနောက် အိန္ဒိယရေတပ် ဦးစီးချုပ်က ဘုရင့်နောင် ရိပ်သာ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။

အဆိုပါ အိန္ဒိယရေတပ် ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ် တွင် နေပြည်တော် လေဆိပ်သို့ ရောက်ရှိခဲ့ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) မှ တပ်မတော် အရာရှိကြီးများ၊ စစ်သံမှူးများနှင့် တာဝန်ရှိသူ များက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment