Pages

Monday, October 31, 2016

လျှပ်စစ်စွမ်းအင်ကဏ္ဍ အတွက် နေစွမ်းအင် နှင့် လေစွမ်းအင် တို့ကို အစားထိုးသုံးစွဲ သင့်ကြောင်း WWF မှပြောကြား


ရန်ကုန် ၊ ၃၁-၁၀-၂၀၁၆

မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင် ကဏ္ဍအတွက် ပတ်ဝန်းကျင် ထိခိုက်မှု များသည့် ရေကာတာ စီမံကိန်းများ အစား လျှပ်စစ် ယူနစ်ပေါင်း သောင်းချီရယူ သုံးစွဲနိုင်သည့် နေစွမ်းအင် နှင့် လေစွမ်းအင် တို့ကို အစားထိုး သုံးစွဲသင့်ကြောင်း WWF မှ စွမ်းအင်ကဏ္ဍ အစီအစဉ် မန်နေဂျာ ကိုရွှန်းစိုဦး က ပြောသည်။

အပြည်ပြည် ဆိုင်ရာ ပြန်လည် ပြည့်မြဲစွမ်းအင် အသင်း၏ လေ့လာချက် အရ မြန်မာနိုင်ငံ၌ လေနှင့် နေစွမ်းအင် တို့မှ လျှပ်စစ်မဂ္ဂါဝပ် ထောင်ချီ ထုတ်ယူနိုင်ပြီး ယင်း လေ့လာချက် တွင် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသမှလွဲ၍ တစ်နိုင်ငံလုံး နေစွမ်းအင်မှ လျှပ်စစ်ယူနစ် ပေါင်း ၃ဝဝဝဝ ကျော် ထုတ်ယူသုံးစွဲ နိုင်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ လိုအပ်နေသည့် လျှပ်စစ်ကဏ္ဍ အတွက် ကျောက်မီးသွေး၊ ရေအားလျှပ်စစ် တို့ဖြင့် ထုတ်ယူရန် လုပ်ဆောင်နေပြီး ယင်းတို့သည် ပတ်ဝန်းကျင် ထိခိုက်မှုများ သဖြင့် ထိခိုက်မှု အနည်းဆုံး ဖြစ်သည့် နေနှင့် လေစွမ်းအင် တို့မှ ရယူ သုံးစွဲနိုင်ရန် လိုအပ်ကြောင်း WWF စွမ်းအင်ကဏ္ဍ အစီအစဉ်မှ မန်နေဂျာက အကြံပြု ပြောကြားသည်။

''ဟိုက်ဒရိုပါဝါ က မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင် ကဏ္ဍအတွက် တစ်ခု တည်းသော ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဟိုက်ဒရိုက် က အနည်းဆုံး ရှစ်နှစ်ကြာမှ အသုံးချလို့ ရမှာ။ နေနဲ့လေ က ၁ဝဝ မဂ္ဂါဝပ် ဆိုရင် နေအားဆိုရင် တစ်နှစ် ဝန်းကျင်နဲ့ အပြီး လုပ်ပေးနိုင်တဲ့ အဖွဲ့အစည်း တွေရှိတယ်။ လေအား ဆိုရင်လည်း စတည် ဆောက်တာ ကနေ လျှပ်စစ် ထုတ်တယ်ဆိုရင် တစ်နှစ်ဝန်းကျင် ပဲကြာမယ်။ ဒါကြောင့် နေစွမ်းအင်နဲ့ လေစွမ်းအင် ကိုပဲ အစားထိုး သုံးစွဲသင့် တာပါ'' ဟု ကိုရွှန်းစိုဦး က ပြောကြားသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၄)

No comments:

Post a Comment