Pages

Saturday, October 29, 2016

မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ယူနန်ပြည်နယ် စစ်ဒေသနိုင်ငံရေးမှူး Maj. Gen. Yu Kun မှ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်
 မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယူနန်ပြည်နယ် 
စစ်ဒေသနိုင်ငံရေးမှူး Maj. Gen. Yu Kun က ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံစဉ်

နေပြည်တော် ၊ ၂၉-၁၀-၂၀၁၆

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့ ဒေသ စံတော်ချိန် ည ၆ နာရီခွဲတွင် ကူမင်းမြို့၊ Zhongwei Hotel Ballroom ၌ ယူနန်ပြည်နယ် စစ်ဒေသ နိုင်ငံရေးမှူး Maj. Gen. Yu Kun မှ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။

ဂုဏ်ပြု ညစာစားပွဲသို့ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အရာရှိကြီးများ၊ ယူနန်ပြည်နယ် စစ်ဒေသမှ အရာရှိကြီးများ တက်ရောက် ကြသည်။ ဦးစွာ Maj. Gen. Yu Kun က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့အား ဂါရဝပြုကြိုဆို ပါကြောင်း ဂုဏ်ပြုစကား ပြောကြားပြီး ညစာစားပွဲသို့ တက်ရောက် လာကြသူများ နှင့်အတူ ခင်မင်ရင်းနှီးစွာ ညစာသုံးဆောင် ကြသည်။

ညစာ သုံးဆောင်ပြီး ချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နှစ်နိုင်ငံနယ်စပ် ဒေသ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ နှစ်ဦးနှစ်ဖက် သိရှိနားလည် စွာနှင့် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်းနှင့် ချစ်ကြည်ရေး ခရီးစဉ်အပေါ် ဧည့်ဝတ်ကျေပွန်မှု အတွက် ကျေးဇူး တင်ရှိကြောင်း ပြန်လည်ေ ပြာကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ယူနန်ပြည်နယ် စစ်ဒေသ နိုင်ငံရေးမှူး တို့သည် လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်၍ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၇)

No comments:

Post a Comment