Pages

Thursday, October 20, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်း အတွက် ၀မ်းနည်းကြောင်း လက်မှတ်ရေးထိုး


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူရာဒက်ရှ် နတ်ရွာစံခြင်း အတွက် 
ဝမ်းနည်းကြောင်း စာအုပ်တွင် လက်မှတ် ရေးထိုးစဉ်

နေပြည်တော် ၊ ၂၀-၁၀-၂၀၁၆

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးသို့ ရောက်ရှိရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Pisanu Suvanajata ၊ ထိုင်းဘုရင့် တပ်မတော်မှ (ကြည်း၊ ရေ၊ လေ) စစ်သံမှူးများနှင့် သံရုံးမှ တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် နံနက် ၁ဝ နာရီတွင် ထိုင်းနိုင်ငံသံရုံး၌ ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူရာဒက်ရှ် နတ်ရွာစံခြင်း အတွက် ဝမ်းနည်းကြောင်း စာအုပ်တွင် လက်မှတ် ရေးထိုးသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သံရုံးဧည့်ခန်းမ ၌ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး၊ စစ်သံမှူး များနှင့် တာဝန်ရှိသူ များအား ဝမ်းနည်းကြောင်း စကားပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment