Pages

Wednesday, October 5, 2016

တရုတ်နိုင်ငံ အမှတ်(၂၃) တရုတ်လုံခြုံရေးစစ်ရေယာဉ်စု မှ စစ်ရေယာဉ်နှစ်စင်း ပြန်လည်ထွက်ခွာ


အမှတ်(၂၃) တရုတ်လုံခြုံရေး စစ်ရေယာဉ်စုမှ တိုက်ချင်းပစ် ဒုံးတင် စစ်ရေယာဉ်များအား 
တာဝန်ရှိသူများက ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်း တွင် ပို့ဆောင်နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၅-၁၀-၂၀၁၆

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တရုတ်နိုင်ငံ အမှတ်(၂၃) တရုတ်လုံခြုံရေး စစ်ရေယာဉ်စုမှ တိုက်ချင်းပစ် ဒုံးတင် စစ်ရေယာဉ် CNS-XIANG TAN နှင့် CNS-ZHOU SHAN တို့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည် ထွက်ခွာရာ သန်လျင်တပ်နယ် မှ ဗိုလ်မှူးချုပ် သန့်စင်လေး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၊ စစ်သံမှူး နှင့် တပ်မတော်(ရေ) မှ အရာရှိ၊ စစ်သည်များက ပို့ဆောင် နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ် များတွင် လိုက်ပါလာသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်မှ RADM Qin Wei,Deputy Director of Political Department, East Sea Fleet, PLA-N ဦးဆောင်သော အရာရှိ၊ စစ်သည်များသည် စက်တင်ဘာ ၃ဝ ရက်မှ ယနေ့အထိ ချစ်ကြည်ရေး ခရီးစဉ် ကာလအတွင်း လေ့လာရေးခရီး လည်ပတ်ခြင်း၊ ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားခြင်း နှင့် မြန်မာနိုင်ငံ လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ခံ သန်လျင်လူငယ် သင်တန်းကျောင်း ရှိ သင်တန်းသား လူငယ်မောင်မယ် များအတွက် ထောက်ပံ့ ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းတို့ ဆောင်ရွက် ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment