Pages

Tuesday, October 25, 2016

စက်စဲကမ်းခြေ သာယာလှပရေးအတွက် ဈေးရောင်းချခွင့် အပြင် စက်ဘီး မော်တော်ယာဉ်နှင့် မြင်းစီးခွင့်များ ပိတ်ပင်



သံဖြူဇရပ် ၊ ၂၅-၁၀-၂၀၁၆

သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေ တွင် ကမ်းခြေ သာယာလှပရေး အတွက် သဲသောင်ပြင် ပေါ်၌ ဈေးရောင်းခြင်း၊ မြင်းစီးခြင်း၊ စက်ဘီးစီးခြင်း၊ လေးဘီး မော်တော်ယာဉ် နှင့် သုံးဘီး ဘက်ထရီ ဆိုင်ကယ်များ စီးနင်းခွင့်ကို အောက်တိုဘာလ နောက်ဆုံးပတ် မှစ၍ တားမြစ်ပိတ်ပင် သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုး မွေးမြူရေး နှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေး က ပြောသည်။

''စက်စဲကမ်းခြေ သန့်ရှင်း သာယာလှပဖို့ အခုလို ဈေးသည်တွေနဲ့ တခြား စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေတဲ့ သူတွေကို သဲသောင်ပြင် ပေါ်မှာ မလုပ်ကြဖို့ တားမြစ် လိုက်တာပါ။  လောလောဆယ် မှာတော့ ဈေးသည်တွေက သနားခံ တင်ပြတာကြောင့် ဘုရားပွဲ ပြီးတဲ့အထိ ဆိုင်းငံ့ထား ပါတယ်'' ဟု ဝန်ကြီး ဦးထွန်းဌေး က ပြောသည်။

ထို့ပြင် စက်စဲကမ်းခြေ ၌ အပန်းဖြေသူများ စီးနင်းရန် ငှားရမ်းလျက် ရှိသော ယာဉ်များမှာ သတ်မှတ်ထားသော ယာဉ်လိုင်စင် မရှိသည့်အပြင် အရှိန်ပြင်းစွာ မောင်းနှင်မှု များကြောင့် ယာဉ်မတော်တဆ မှုများ ဖြစ်ပေါ်နိုင်ကာ လာရောက် အပန်းဖြေသူများ စိတ် အနှောင့်အယှက် ဖြစ်ပေါ်လျက် ရှိသည်။

အဆိုပါ စက်စဲကမ်းခြေ ရှိ ဂေါက်ကွင်း၌ စီးနင်းသည့် လေးဘီး မော်တော်ယာဉ် အပါအဝင် သုံးဘီး ဘက်ထရီဆိုင်ကယ် အစီးရေ ၅ဝ ကျော်ရှိပြီး တွန်းလှည်း ဈေးသည် ၂ဝ ကျော်ရှိကြောင်း၊ စက်စဲကမ်းခြေ ၌ လာရောက် အပန်းဖြေသည့် နိုင်ငံခြား ခရီးသွား ဧည့်သည် ဦးရေမှာ နှစ်စဉ်တိုးတက် လာကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment