Pages

Wednesday, October 5, 2016

တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ ၊ ဆရာမ ၊ ကျောင်းသား ၊ ကျောင်းသူများ စခန်းချလေ့ကျင့်နေမှုအား သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြား


ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် 
တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊  ကျောင်းသူများ 
စခန်းချ လေ့ကျင့်နေမှု အခြေအနေ များကို ကြည့်ရှုအားပေးစဉ်

နေပြည်တော် ၊ ၅-၁၀-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ ရှိ နယ်မြေခံ သင်တန်းကျောင်း တွင် လေ့ကျင့် သင်ကြား ပေးလျက်ရှိသော ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ စခန်းချ လေ့ကျင့်နေမှု အခြေအနေ များအား ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူ များက သွားရောက် ကြည့်ရှု အားပေးသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိ သူများသည် သင်တန်းသား စားရိပ်သာ အတွင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး သင်တန်းသား များအတွက် ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည် ထုပ်များ လက်ဆောင် ပေးအပ်သည်။

၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူ များသည် တိုက်ကြီးမြို့နယ်၊ နယ်မြေခံ တပ်မတော် ဆေးရုံတွင် တက်ရောက် ကုသမှုခံယူလျက် ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက် ကြည့်ရှု အားပေးစကား ပြောကြားပြီး တစ်ဦးချင်း၏ ကျန်းမာရေး အခြေအနေ များကို မေးမြန်းကာ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

ထို့အတူ အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းက လည်း တိုင်းမှူးနှင့် တာဝန်ရှိသူ များသည် မင်္ဂလာဒုံ မြို့နယ်ရှိ တပ်မတော် ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူလျက် ရှိသည့် အရာရှိ၊ စစ်သည်များအား သွားရောက် ကြည့်ရှု အားပေးစကား ပြောကြားပြီး စားသောက် ဖွယ်ရာနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment