Pages

Tuesday, October 4, 2016

အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများပြားခြင်းကြောင့် မလေးရှားသင်္ဘောလိုင်း များတွင် လုပ်ကိုင်သည့် မြန်မာသင်္ဘောသား အရေအတွက်လျော့ကျ


ရန်ကုန် ၊ ၄-၁၀-၂၀၁၆

မလေးရှားနိုင်ငံ၏ သင်္ဘောလိုင်း များသည် ယခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ သင်္ဘောသား များ၏ လုံခြုံရေးနှင့် ကျန်းမာရေးကို ပံ့ပိုးကူညီမှု သိသာစွာ လျော့နည်း လာခြင်းကြောင့် သင်္ဘောသား များ၏ အသက် ဆုံးရှုံးမှုနှင့်
ထိခိုက်ဒဏ်ရာ ရရှိမှု များပြား လာသဖြင့် မလေးရှား သင်္ဘောလိုင်းတွင် မြန်မာသင်္ဘောသား ဦးရေ သိသာစွာ လျော့ကျ လာကြောင်း ပြည်တွင်းရှိ သင်္ဘောသား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ၏ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''မလေးရှား သင်္ဘောလိုင်း တွေက မြန်မာ သင်္ဘောသားတွေ အလုပ်ကြိုးစား တာကိုသိတယ်။ ဒါပေမဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အထောက်အကူပြု ပစ္စည်းတွေ အစုံအလင် မပေးတော့ လုပ်ရာတာ အဆင်မပြေဘဲ ထိခိုက်ဒဏ်ရာ ရမှုတွေ များလာတယ်။ နောက်ဆုံး ထိခိုက်ဒဏ်ရာ ကြီးရင် လျော်ကြေး မပေးတာကြောင့် မြန်မာ သင်္ဘောသားတွေ သွားရောက် လုပ်ကိုင်မှု သိသာစွာ လျော့နည်းသွား တာပါ'' ဟု မလေးရှား သင်္ဘောလိုင်းများတွင် တာဝန်ထမ်းဆောင် ခဲ့သည့် ဝါရင့်သင်္ဘောသား ကိုဇော်နိုင် က ပြောသည်။

မြန်မာ သင်္ဘောသား အများစုသည် မလေးရှားနိုင်ငံမှ သင်္ဘောလိုင်းများ အစား စင်ကာပူနှင့် တောင်ကိုရီးယား နိုင်ငံတို့ရှိ သင်္ဘောလိုင်းများ၏ ကုန်တင်သင်္ဘော များတွင် ပြောင်းရွှေ့လုပ်ကိုင် လာကြကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်ထဲတွင် မြန်မာ သင်္ဘောသား များကို ဂျပန်နှင့် ဥရောပနိုင်ငံ တချို့၏ ကုန်တင်သင်္ဘော လိုင်းများက အလုပ်အကိုင် အခွင့်အလမ်း ပေးရန် ပြည်တွင်း သင်္ဘောသား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများနှင့် ချိတ်ဆက် ထားကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment