Pages

Sunday, October 30, 2016

တက္ကသိုလ်လေ့ကျင့်ရေးတပ် များမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ ၊ ဆရာမ ၊ ကျောင်းသား ၊ ကျောင်းသူများ စခန်းချလေ့ကျင့်ရေး သင်တန်းဆင်းပွဲများ ကျင်းပ


ရမည်းသင်းမြို့နယ် နယ်မြေခံလေ့ကျင့်ရေးး သင်တန်းကျောင်း ၌ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် 
တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ၊ ဆရာမ ၊ ကျောင်းသား ၊ ကျောင်းသူများ 
စခန်းချလေ့ကျင့်ရေး သင်တန်းဆင်းပွဲ ကျင်းပစဉ်

အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်း သင်တန်းများအလိုက် 
ထူးချွန်ဆုရရှိခဲ့သော သင်တန်းသား တစ်ဦးကို ဆုပေးအပ်စဉ်

တိုက်ကြီးမြို့နယ် နယ်မြေခံ လေ့ကျင့်ရေး သင်တန်းကျောင်း၌ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ၊ ဆရာမ ၊ ကျောင်းသား ၊ ကျောင်းသူများ၏ စခန်းချလေ့ကျင့်ရေး သင်တန်းဆင်းပွဲ တွင် တက်ရောက် လာကြသူများနှင့် သင်တန်းသား ၊ သင်တန်းသူများ စုပေါင်းဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၃၀-၁၀-၂၀၁၆

နိုင်ငံတော် ကာကွယ်ရေး အတွက် လေ့ကျင့်သား ပြည့်ဝသည့် ကာကွယ်ရေး အရန်အင်အားစု အဖြစ် တည်ဆောက်ရန် အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ၏ တက္ကသိုလ် လေ့ကျင့်ရေး တပ်များမှ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်၊ တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ၁၄၁၁ ဦးအား အောက်တိုဘာ ၁ ရက်တွင် စခန်းချ လေ့ကျင့်ရေး သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြား ပေးခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းတွင် သင်တန်းဆင်းပွဲ များကို ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် များရှိ နယ်မြေခံ လေ့ကျင့်ရေး သင်တန်းကျောင်း များ၌ အသီးသီး ပြုလုပ် ကြသည်။

သင်တန်းဆင်းပွဲ များသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် သင်တန်း နည်းပြများ၊ တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းမှူးများက သင်တန်းဆင်း အမှာစကားများ ပြောကြား ကြသည်။

ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းများ အလိုက် ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူ များနှင့် အောင်မြင်စွာ သင်တန်း တက်ရောက်ခဲ့သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ အသီးသီးပေးအပ် ကြသည်။

အဆိုပါ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်၊ တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ များ၏ စခန်းချ လေ့ကျင့်ရေး သင်တန်းများကို အောက်တိုဘာ ၁ ရက်မှ ၂၉ ရက်အထိ ၅ ပတ်ကြာ လေ့ကျင့်သင်ကြား ပေးခဲ့ပြီး သင်တန်းကာလ အတွင်း စစ်နည်းဗျူဟာ ဘာသာရပ်၊ လက်နက်ငယ် ဘာသာရပ်များ၊ ကိုယ်စီ စစ်မြေပြင် ကျွမ်းကျင်မှု ဘာသာရပ်နှင့် စစ်မြေပြင် အင်ဂျင်နီယာ ဘာသာရပ် များအပြင် ကိုယ်လက် ကြံ့ခိုင်မှု လေ့ကျင့်ခန်း၊ လက်တွေ့ ပစ်ခတ်စဉ် လေ့ကျင့်ခန်းနှင့် အတားအဆီးများ ဖြတ်ကျော်မှု လေ့ကျင့်ခန်း တို့ကိုပါ သင်ကြားလေ့ကျင့် ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment