Pages

Monday, September 19, 2016

ပုဂံနေ၀င်ဆည်းဆာချိန် ကို ဘုရားများပေါ်မှ တက်ရောက်၍ ကြည့်ရှုနေမှုများကို လျှော့ချနိုင်ရေး ဆောင်ရွက်မည်



ရန်ကုန် ၊ ၁၉-၉-၂၀၁၆

ပုဂံနေ၀င်ဆည်းဆာ ချိန်ကို ဘုရားများပေါ်မှ တက်ရောက်၍ ကြည့်ရှုနေမှုများကို လျှော့ချနိုင်ရေး အတွက် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ တွင် ပုဂံနေ၀င် ဆည်းဆာချိန်ကို ကြည့်ရှုရန် တောင်ကုန်းတစ်ခု ကို ယခုနှစ် နိုဝင်ဘာလ အတွင်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နှင့် မြန်မာနိုင်ငံ ဘုရားဖူးလုပ်ငန်း သတင်းများ အရ သိရသည်။

အဆိုပါ ပုဂံနေ၀င် ဆည်းဆာချိန် ကြည့်ရှုရန် တောင်ကုန်း တည်ဆောက်ရေး လုပ်ငန်းများကို JICA က အကောင် အထည်ဖော် လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်သည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက် လည်ပတ်နေကြသည့် နိုင်ငံတကာ ခရီးသွား ဧည့်သည်များသည် ပုဂံသို့ ရောက်ရှိလာကြ သည်နှင့် ပုဂံ၏ နေ၀င်ဆည်းဆာ အလှအပများကို တစိုက်မတ်မတ် ကြည့်ရှု ခံစား ကြသည်။

ထို့ကြောင့် ပုဂံ၏ နေ၀င်ဆည်းဆာ အလှကြည့်ရှုမှု သည် နိုင်ငံတကာ ခရီးသွားလောက မှာပင် ခေတ်စားလာခဲ့ သည်ဟု သိရသည်။ ယခုအခါ ပုဂံ၏ နေ၀င်ဆည်းဆာ အလှကြည့်ရှုမှု ကို ပြည်တွင်းခရီးသွား များက တမက်တမော လုပ်ကိုင် ဆောင်ရွက်လာကြ သည်။

ထို့ကြောင့် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ တွင် ညနေစောင်း သည်နှင့် ပုဂံနေ၀င်ဆည်းဆာ အလှကို ခံစားကြည့်ရှု နိုင်မည့် စေတီဘုရား များသို့ ခရီးသွား ဧည့်သည်များ စုပုံ ရောက်ရှိ လာခဲ့ကြသည်။ ထို့ကြောင့် ပုဂံနေ၀င် ဆည်းဆာအလှအပ များကို စေတီဘုရားများ ပေါ်မှ တက်ရောက် ကြည့်ရှုမှုများ လျှော့ကျနိုင်ရေး အတွက် စီမံ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ (၁၀)

No comments:

Post a Comment