Pages

Friday, September 30, 2016

စက်မှုကဏ္ဍပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် စက်မှုဇုန်ဆိုင်ရာ လိုအပ်ချက်များ ပံ့ပိုးပေးရန် လိုအပ်



ရန်ကုန် ၊ ၃၀-၉-၂၀၁၆

မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာ စေရန် စက်မှုဇုန် ဆိုင်ရာ အခြေခံ လိုအပ်ချက်များ ဖြစ်သော လျှပ်စစ်မီး ရရှိရေး၊ မြေနေရာ ရရှိရေးနှင့် ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက် လာစေရေး တို့ကို နိုင်ငံတော် အစိုးရက ပံ့ပိုးကူညီ ပေးသင့်ကြောင်း မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ် သူများအသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

စက်မှုကဏ္ဍ များတွင် နိုင်ငံတော် အစိုးရ၏ ပံ့ပိုးမှုများ လိုအပ်နေပြီး စက်မှု ထုတ်ကုန်များ၏ ဈေးကွက် အနေအထား မှာလည်း အဓိကကျလျက် ရှိသည်။ ကုမ္ပဏီများ ဆက်လက် ရပ်တည်နိုင်ရန် နှင့် ဝန်ထမ်းများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိရန် ပြည်တွင်း၌ သာမက ပြည်ပဈေးကွက် များနှင့်ပါ ချိတ်ဆက် လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

စက်မှုကဏ္ဍ ကုန်ပစ္စည်း ပြပွဲများ ပြုလုပ်သည့် အတွက် ပြည်တွင်း ကုန်ထုတ်လုပ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် လာပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း များနှင့် ပြည်သူများ၏ လူနေမှုဘဝ များလည်း မြင့်တက်လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ် လုပ်သူများ အသင်း ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်း က ပြောသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက် ရေးအတွက် အကူအညီ ပေးနိုင်သကဲ့သို့ ကုန်ထုတ် စွမ်းအားစုများ တိုးတက်စေရန်နှင့် နည်းပညာမြင့် စက်ပစ္စည်းများ အသုံးပြု၍ ကုန်ပစ္စည်း အရည်အသွေး များ တိုးတက် လာစေရန် ရည်ရွယ် ကျင်းပမည့် စတုတ္ထ အကြိမ်မြောက် မြန်မာ့ဦးဆောင် အပြည်ပြည် ဆိုင်ရာ ထုတ်လုပ်ခြင်း၊ ထပ်ဆင့် ငှားရမ်း လုပ်ကိုင်ခြင်းနှင့် စီးပွားရေး မိတ်ဖက် များ ရှာဖွေခြင်း ပြပွဲကို အောက်တိုဘာ ၂ဝ ရက်မှ ၂၂ ရက်အထိ ရန်ကုန်မြို့ရှိ တပ်မတော် ခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment