Pages

Tuesday, September 20, 2016

၂၀၁၃ ခုနှစ်က ရေးဆွဲခဲ့သည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်း ကို လက်ရှိ အခြေအနေနှင့် ကိုက်ညီစေရန် ပြန်လည်ပြင်ဆင် ရေးဆွဲသွားမည်



ရန်ကုန် ၊ ၂၀-၉-၂၀၁၆

၂ဝ၁၃ ခုနှစ်က ရေးဆွဲခဲ့သည့် ရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းကို လက်ရှိ ရန်ကုန်မြို့၏ အခြေအနေနှင့် ကိုက်ညီစေရန် ပြန်လည်ပြင်ဆင် ရေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့ပြစီမံကိန်း ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ တိုးအောင် ထံမှ သိရသည်။

ထိုသို့ ရေးဆွဲရာတွင် ယခင်ရေးဆွဲ ခဲ့သည့် စီမံကိန်း၏ ကျောရိုးများ ဖြစ်သော အစိမ်းရောင် နယ်မြေများ ဖော်ထုတ်ခြင်း၊ ရှေးဟောင်း အဆောက်အအုံ နေရာများ ထိန်းသိမ်းခြင်း နှင့် စီးပွားရေး အချက်အချာ ကျသော နယ်မြေသစ်များ ဖော်ထုတ်ခြင်းတို့ကို ယခင်ကေ ရးဆွဲ ခဲ့သည့်အတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုပြန်လည် ရေးဆွဲရာတွင် သန်လျင် ၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း နှင့် မှော်ဘီ အစရှိသည့် နေရာခုနစ် နေရာ၌ မြို့သစ် စီမံကိန်းများ ဖော်ထုတ်ရန် အဓိကထား ရေးဆွဲ သွားမည်ဖြစ်ပြီး ဆိပ်ကမ်းနယ်မြေ များကို အဆင့်မြှင့်တင် ဖော်ထုတ်ကာ ပင်လယ်ထွက်ပေါက် ဒေသအဖြစ် ကွမ်းခြံကုန်း နှင့် ကော့မှူးမြို့နယ် တို့ကို အဓိက အခြေပြု၍ ရေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်က ရေးဆွဲခဲ့သည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းသည် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA နှင့်ပူးပေါင်း၍ သုံးလကြာ ရေးဆွဲထားသော စီမံကိန်းတစ်ခု ဖြစ်ပြီး အဆိုပါစီမံကိန်း သည် တိုးပွားလာမည့် လူဦးရေ အတွက် ရန်ကုန်မြို့၌ ၂ဝ၅ဝ ပြည့်နှစ်အထိ အသုံးပြုနိုင်ရန် ရည်ရွယ်ရေးဆွဲ ထားခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment