Pages

Monday, September 26, 2016

အလုပ်ရှင် အလုပ်သမားသဘောတူစာချုပ် ကို ပြန်လည်ပြင်ဆင်နိုင်ရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်မည်



ရန်ကုန် ၊ ၂၆-၉-၂၀၁၆

အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်ကို ပြန်လည် ပြင်ဆင်နိုင်ရေး သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို စက်တင်ဘာလ နောက်ဆုံးပတ်တွင် ထပ်မံပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ နှစ်ရက်ကြာ ပြုလုပ်မည် ဖြစ်ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးကာ လက်ရှိ အလုပ်ရှင်၊ အလုပ်သမားများ အားလုံး ကန့်ကွက်လျက် ရှိသည့် စာချုပ်ကို ပြင်ဆင်ရေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း ထံမှ သိရသည်။

''အဓိကကတော့ စာချုပ် ပြင်ဆင်ရေး ပေါ့နော်။ သုံးပွင့်ဆိုင်ပြီး အဖြေရှာတဲ့ သဘောပါပဲ။ ဘယ်လို အချက်တွေနဲ့ အတည်ပြုမယ်၊ ဘယ်လိုတွေ ပြင်ဆင်မယ် ဆိုတာကို သုံးပွင့်ဆိုင်ပြီး ဆုံးဖြတ်ကြ မှာပါ'' ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း က ပြောသည်။

ယင်း ဆွေးနွေးပွဲ တွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးမည့် အပြင် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း ILO ကလည်း ပါဝင်ဆွေးနွေး မည်ဖြစ်ကာ EC စာချုပ်ကိစ္စ၊ အလုပ်သမား ရေးရာကိစ္စ များနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

EC စာချုပ်သည် စက်ရုံ၊ အလုပ်ရုံ အားလုံးအတွက် စာချုပ် တစ်ခုတည်း ကိုသာ ချုပ်ဆိုရန် အတည်ပြု သတ်မှတ်ခဲ့ သောကြောင့် အလုပ်ရှင် နှင့် အလုပ်သမား များက ကန့်ကွက်ခဲ့ခြင်း ဖြစ်ပြီး ယနေ့တိုင် စာချုပ်ချုပ်ဆို ရခြင်း မရှိသေးသည့် စက်ရုံများ ရှိနေသေးကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment