Pages

Thursday, August 18, 2016

တောင်တရုတ်ပင်လယ် ရေကြောင်းဥပဒေ ကို တရုတ်နှင့် အာဆီယံတို့ လာမည့်နှစ်တွင် အပြီးရေးဆွဲမည်



ပေကျင်း ၊ ၁၈-၈-၂၀၁၆

တောင်တရုတ်ပင်လယ် အတွင်း အငြင်းပွား ရေပိုင်နက် များကြောင့် သက်ဆိုင်ရာ နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် တင်းမာမှုများကို လျှော့ချရန် တောင်တရုတ် ပင်လယ်အတွင်း လိုက်နာကျင့်သုံးရမည့် ရေကြောင်း ဥပဒေကို တရုတ်နှင့် အာဆီယံ အဖွဲ့ ပေါင်းစပ်ကာ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် အပြီးရေးဆွဲသွားမည် ဖြစ်သည်။

တရုတ်နှင့် အာဆီယံ အဖွဲ့သည် တောင်တရုတ် ပင်လယ်အတွင်း နိုင်ငံတကာသင်္ဘောများ ဖြတ်သန်းရာ လမ်းကြောင်း ၊ နိုင်ငံတကာ ရေပိုင်နက် ၊ နိုင်ငံအလိုက် ရေပိုင်နက် အစရှိသည်တို့ကို သတ်မှတ်မည့် ပုံစံနှင့် ယင်းရေပြင် အတွင်း သက်ဆိုင်ရာ နိုင်ငံအားလုံးက လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်း စည်းကမ်း များကို ၂၀၁၀ ပြည့်နှစ် ကတည်းက ဆွေးနွေးညှိနှိုင်း တည်ဆောက် နေခဲ့ခြင်း ဖြစ်ကြောင်း ၊ ဇူလိုင်လက The Hague အထူးတရားရုံးမှ တရုတ်နိုင်ငံ အနေဖြင့် တောင်တရုတ် ပင်လယ် အတွင်းရှိ နယ်မြေ တစ်စုံတစ်ရာ ကို သမိုင်းဝင် ပိုင်ဆိုင်မှုအဖြစ် ကြေညာခွင့် မရှိကြောင်း ဆုံးဖြတ်ပေး ခဲ့ပြီးနောက် တရုတ်က လက်မခံဘဲ စစ်ရေး လှုပ်ရှားမှု များကို တစ်ဆင့်ပြီး တစ်ဆင့် ပြုလုပ်ခဲ့သည့် အတွက် ဂျပန် ၊ အမေရိကန် ၊ တရုတ် နှင့် အာဆီယံ တို့အကြား အခြေအနေ မှာ တင်းမာလာခဲ့ ကြသည်။

သို့သော် တရုတ်အနေဖြင့် ၂၀၁၀ ပြည့်နှစ် ကတည်းက သံတမန်နည်းဖြင့် ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ခဲ့သည့် အတိုင်း ဖြေရှင်းရန် ဆန္ဒရှိနေဆဲ ဖြစ်သည်ကို တွေ့ရှိရပြီး တရုတ်နှင့် အာဆီယံ ပူးပေါင်းကာ တောင်တရုတ် ပင်လယ် ရေကြောင်း ဥပဒေကို ရေးဆွဲရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ ကြိုတင် စီစဉ်ထားခြင်း မရှိဘဲ  ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပေါ်လာလျှင် မည်သို့ ဆောင်ရွက်ရမည်ကို တရုတ်နှင့် အာဆီယံ တို့အကြား ၂၀၁၅ ခုနှစ်က ရေးထိုးခဲ့သော သဘောတူ စာချုပ်ကိုလည်း အတည်ပြုထားရှိ သွားမည်ဖြစ်ပြီး နောက်လတွင် လာအိုနိုင်ငံ၌ တရုတ်နှင့် အာဆီယံ အကြီးအကဲများ တွေ့ဆုံသည့်အခါ ယင်းစာချုပ်ကို အတည်ပြု သွားနိုင်ရန် ဆွေးနွေး ဆောင်ရွက်မည် ဖြစ်သည်။

တောင်တရုတ် ပင်လယ်အရေး နှင့် ပတ်သက်၍ ရေကြောင်းဥပေဒ တစ်ရပ် ထွက်ပေါ်လာရန် သက်ဆိုင်ရာ နိုင်ငံများ အားလုံး စေ့စပ်ညှိနှိုင်း ရေးဆွဲသွားရန် သဘောတူညီချက် ရရှိထားကြောင်း ၊ သက်ဆိုင်ရာ နိုင်ငံများကလည်း အကြိမ်ကြိမ် တွေ့ဆုံက အဖြေရသည်အထိ အမြန်ဆုံး ညှိနှိုင်းရန် သဘောတူထားပြီး လာမည့်နှစ် နှစ်လယ်ပိုင်းတွင် ရေကြောင်းဥပဒေ မူကြမ်းကို အပြီး ရေးဆွဲနိုင်မည် ဟု ယုံကြည်ကြောင်း တရုတ် ဒုတိယသမ္မတ က ပြောကြား ခဲ့သည်။

ရတနာပုံနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment