နေပြည်တော် ၊ ၁၀-၈-၂၀၁၆
ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်းမြို့နှင့် ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ် တို့ရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်လျက်ရှိသော ကျေးရွာများရှိ ရေဘေးသင့် ပြည်သူများအား ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သား များက သြဂုတ် ၈ ရက်တွင် ရွှေ့ပြောင်းရန် ကျန်ရှိသော ဒေသခံပြည်သူ များအား တပ်မတော်လှေ များဖြင့် သွားရောက်၍ စားသောက် ဖွယ်ရာများ ပေးအပ်ခြင်း၊ ရေဘေးလွတ်ရာ နေရာများသို့ ကူညီ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက် ပေးသည်။
အလားတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဥတို-အဖျောက် လမ်းမကြီး၏ ရေကျော်နေသော နေရာများအား သဲအိတ်များ ကာရံပေးခြင်းနှင့် ခရီးသွား ပြည်သူများ အန္တရာယ် မဖြစ်စေရေး ကူညီဆောင်ရွက် ပေးသည်။
ထို့အပြင် ညောင်တုန်းမြို့၊ ကျိုက်လပ် ကျောင်းတိုက်၌ ရေဘေးသင့် ပြည်သူများအား တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။
၎င်းနောက် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း သို့ ယမန်နေ့ နေ့လယ်ပိုင်းတွင် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိ သူများက သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေး အတွက် လိုအပ်သည်များ မှာကြားကာ စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)
မြ၀တီနေ့စဉ် ၊ စာ(၃၂)


No comments:
Post a Comment