Pages

Wednesday, August 3, 2016

လောက်ကိုင်မြို့၌ ဆိုင်ကယ်ပေါ်တွင် ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲရာ ပြည်သူ ၇ ဦးဒဏ်ရာရရှိ


မိုးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော မော်တော်ယာဉ်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၃-၈-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ကိုထိုက် ဝပ်ရှော့ရှေ့ လမ်းဘေး၌ ရပ်ထားသည့် ဆိုင်ကယ် တစ်စီးပေါ်တွင် ထောင်ထားသော မိုင်းတစ်လုံး သည် ယမန်နေ့ညနေ ၄ နာရီ ၃၅ မိနစ်ခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ 

မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်မှာ ထက်ပိုင်းကျိုး ပျက်စီးခဲ့ပြီး ၄င်းပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာတွင် ယာဉ်မောင်း လော်ကျင်းခန်း မောင်းနှင်သည့် တိုယိုတာ အမျိုးအစား ယာဉ်သည် ယာဉ်ရှေ့ပိုင်း ပျက်စီးခဲ့ကာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်း အပါအဝင် မကေသွယ်မြတ်နိုး၊ မောင်ဝေယံရဲရင့်၊ မဆုမြတ်သံစဉ်၊ မောင်ဇာနည်ပိုင်စိုး နှင့် မနန္ဒာစိုး တို့အပြင် လမ်းဘေးတွင် ဖြတ်သန်း သွားလာသည့် မောင်ပိုင်ဦး တို့ ခုနစ်ဦးသည် အသီးသီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment