Pages

Wednesday, August 10, 2016

အင်းဝမြို့ဟောင်း ခရီးသွားလည်ပတ်ခွင့် ပြန်လည်ခွင့်ပြု



တံတားဦး ၊ ၁၀-၈-၂၀၁၆

ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် တံတားဦး မြို့နယ်ရှိ အင်းဝမြို့ဟောင်း ခရီးသွား လည်ပတ်ခွင့်ကို ယခု လဆန်းပိုင်းမှ စတင်ရပ်ဆိုင်း ထားရာ ယခုအခါ ရေထပ်မံ ဝင်ရောက်ခြင်း မရှိတော့သဖြင့် သြဂုတ် ၉ ရက်တွင် ခရီးသွားများ ဝင်ရောက်ခွင့် ပြန်လည် ခွင့်ပြုပေး လိုက်ပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) ထံမှ သိရသည်။

အင်းဝမြို့ဟောင်း အတွင်း မြစ်ရေ ဝင်ရောက်မှုကြောင့် ခရီးသွားများ အန္တရာယ် မဖြစ်စေရန်နှင့် ရှေးဟောင်း အဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိစေရန် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အင်းဝမြို့ဟောင်း ရှိ ဆင်ကျုံး၊ ခံတပ်နှင့် အင်းဝပြတိုက် ဝန်းကျင်တို့တွင် ရေတက်ခြင်း မရှိတော့ဘဲ လျော့ကျလျက် ရှိသည်။ မြစ်ရေ ဝင်ရောက်မှုကြောင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများအား နေရာရွှေ့ပြောင်း ထားရသည်။

''၂ဝ၁၄ ခုနှစ်တုန်း ကလည်း ရေကြီးရေလျှံမှု ဖြစ်လို့ ယာယီပိတ်ခဲ့ ရတယ်။ အခုက ဒုတိယအကြိမ် ပိတ်တာ ဖြစ်ပါတယ်။ အခုရေတက် မလာတော့ဘူး။ ရေလျော့ကျ သွားပြီဖြစ်လို့ ဒီနေ့ကစပြီး ပြန်ဖွင့်ပေးခဲ့ တာပါ'' ဟု ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီး ဌာန (မန္တလေးဌာနခွဲ) ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်း ထံမှ သိရသည်။

ယခုအခါ ခရီးသွားများ အန္တရာယ်ကင်း၍ အထိမ်းအမှတ် အဆောက်အအုံ များအား စနစ်တကျ လေ့လာနိုင်ပြီ ဖြစ်သောကြောင့် ခရီးသွား လည်ပတ်ခွင့်ကို ပြန်လည် ခွင့်ပြုပေးခြင်း ဖြစ်သည်။

အင်းဝ မြို့ဟောင်းသို့ ၂ဝ၁၆ ခုနှစ် ဇွန်လ အတွင်းက နိုင်ငံခြား ခရီးသွား ဧည့်သည် ၁၂ဝဝ ကျော် လာရောက် လည်ပတ်ခဲ့ပြီး ဇူလိုင်လတွင် နိုင်ငံခြား ခရီးသွား ဧည့်သည် ၉ဝဝ ကျော် ဝင်ရောက် ခဲ့ကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment