Pages

Friday, August 5, 2016

တောင်ကိုရီးယားနိုင်ငံ ကုန်စည်ပြပွဲတွင် မြန်မာလျှော်ဖြူစေး အား ပြသရန်စီစဉ်ထား



ရန်ကုန် ၊ ၅-၈-၂၀၁၆

တောင်ကိုရီးယား နိုင်ငံ၌ နိုဝင်ဘာလတွင် ကျင်းပမည့် ဂျင်ဂျူး ကုန်စည်ပြပွဲ တွင် မြန်မာ လျှော်ဖြူစေး အား ပြသသွားရန် စီစဉ်ထားကြောင်း လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူ လုပ်ငန်းရှင် ဦးဆန်းထွန်းလင်း ၏ ပြောကြားချက် အရ သိရသည်။ 

အဆိုပါ ကုန်စည်ပြပွဲတွင် စားသောက်ကုန် နှင့် မြန်မာနိုင်ငံမှ လျှော်ဖြူစေး အား ပြသနိုင်ရန် လျှော်ဖြူစိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းကို သြဂုတ်လ အတွင်း အပြီးသတ် ဖွဲ့စည်းနိုင်ရန် လုပ်ဆောင် နေကြောင်း၊ အသင်း ဖွဲ့စည်းရခြင်း သည် လျှော်ဖြူ စိုက်ပျိုး ထုတ်လုပ် ရောင်းချမှုတွင် နည်းပညာပိုင်း များနှင့် ဈေးကွက် အခြေအနေ များကို ပူးပေါင်းညှိနှိုင်း ဖြေရှင်းနိုင်ရန် ရည်ရွယ်ကာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ မြန်မာ့ လျှော်ဖြူစေး အား နိုင်ငံတကာ ဈေးကွက်အထိ ထိုးဖောက်နိုင်ရန် ရည်ရွယ်ထားပြီး မကွေးတိုင်း ဒေသကြီး၌ အများဆုံး ထွက်ရှိကြောင်း သိရသည်။

ယင်း လျှော်ဖြူစေး ပင်သည် သက်တမ်းအားဖြင့် နှစ် ၆ဝ ကျော်အထိ ရှိပြီး နှစ်ရှည် စီမံကိန်းအရ အပင်မှအစေး ထုတ်ယူရသည့် အတွက် အပင်ခုတ်လှဲခြင်း မပြုရသောကြောင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး တွင် များစွာ အထောက်အကူ ပြုကြောင်း၊ လျှော်ဖြူစေး အပင်များကို စိုက်ပြီး လေး၊ ငါး၊ ခြောက်နှစ် အတွင်း အစေးထုတ်ယူ နိုင်ကြောင်း၊ လျှော်ဖြူပျိုးပင် များကို မကွေးမြို့ရှိ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ ဆီထွက်သီးနှံ၊ ဗဟို သုတေသန စိုက်ပျိုးရေး ခြံတွင် စိုက်ပျိုးလျက် ရှိပြီး နည်းပညာပိုင်း၊ ဈေးကွက် အခြေအနေ နှင့် ပျိုးပင်များ ဝယ်ယူလိုပါက ဝယ်ယူ နိုင်ကြောင်း၊ လျှော်ဖြူပျိုးပင် တစ်ပင်လျှင် ငွေကျပ် ၁၅ဝ မှ ငွေကျပ် ၂ဝဝ ဖြင့် ဖြန့်ဖြူး ပေးလျက်ရှိပြီး ပြည်တွင်း ဈေးကွက်တွင် အရည်အသွေး ကောင်းသည့် လျှော်ဖြူစေး တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝဝ ဈေးရှိကာ အနိမ့်ဆုံး ဈေးသည် ငွေကျပ် ၃ဝဝဝ မှ ၄ဝဝဝ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း လျှော်ဖြူပင်အား မကွေးတိုင်း ဒေသကြီး၌ အပင်ပေါင်း တစ်သန်းကျော် စိုက်ပျိုးထားပြီး မင်းဘူး၊ ကျွဲသုံးမြောင်၊ စကု၊ တောင်မန်း၊ ငဖဲ၊ စေတုတ္တရာ၊ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ထီးလင်း၊ ဂန့်ဂေါ၊ ဆောနှင့် ဆိပ်ဖြူ  စသည့်ဒေသ တို့၌ စိုက်ပျိုးကြောင်း၊ လက်ရှိစိုက်ပျိုး ထုတ်လုပ်မှုတွင် အသင်းအဖွဲ့ မရှိခြင်းကြောင့် လျှော်ဖြူစေး စိုက်ပျိုးသူများ ပူးပေါင်းကာ အသင်းဖွဲ့စည်း နိုင်ရေးကို အဓိကထား လုပ်ဆောင် နေကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment