Pages

Friday, August 19, 2016

တောင်သမန်တံတား သွားလာခွင့်ပြုသည့်နေ့မှစ၍ တောင်သမန်အင်းသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်ဦးရေ ၁၇၀၀ ကျော် ၀င်ရောက်ခဲ့



အမရပူရ ၊ ၁၉-၈-၂၀၁၆

အမရပူရမြို့နယ် ၊ တောင်သမန် တံတားကို သွားလာခွင့်ပြုသည့် နေ့မှစ၍ သြဂုတ်လ ၁၄ ရက်ထိ တောင်သမန်အင်း အတွင်းသို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်ဦးရေ ၁၇၀၀ ကျော် ၀င်ရောက် လည်ပတ်ခဲ့ကြောင်း ငှက်လှေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်း ထံမှ သိရသည်။

" တံတားကို ရေကျော်တုန်းက ခရီးသွားဧည့်သည် တွေ သွားလာခွင့်ကို ခဏပိတ်ထား ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တံတားကို လာရောက်တဲ့ သူတွေ အန္တရာယ် မဖြစ်စေဖို့နဲ့ တံတားကြံ့ခိုင်ရေး အတွက် ပိတ်ထားရတာ ဖြစ်ပါတယ်။ တံတား ရေလွှမ်းတုန်းက ချို့ယွင်းပျက်စီး သွားတဲ့နေရာ တွေကို ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ထား ပါတယ်  " ဟု ၄င်းက ဆက်လက် ပြောပြသည်။

တောင်သမန်တံတား ဖြတ်သန်း သွားလာခွင့် ကို သြဂုတ် ၈ ရက်က ဖွင့်လှစ်ခဲ့ရာ အဆိုပါ တံတားပေါ်သို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များသည် တောင်သမန်အင်း ရေလွှမ်းခံရသည့် အခြေအနေ နှင့် ရေကျသွားချိန် တံတား အခြေအနေ တို့ကို စိတ်ဝင်တစား လာရောက် လေ့လာသူ များပြားလျက် ရှိကြောင်း သိရသည်။

တောင်သမန်တံတား ပေါ်သို့ ဖြတ်သန်း သွားလာခွင့်ပြု ချိန်တွင် တောင်သမန်အင်း အတွင်းသို့ ပြင်သစ် ၊ စပိန် ၊ အီတလီ ၊ ဂျာမနီ ၊ တရုတ် ၊ ထိုင်း ၊ အင်္ဂလန် ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ သြစတြေိးလျ နှင့် နယ်သာလန် နိုင်ငံတို့မှ ခရီးသွား ဧည့်သည်များ လာရောက်လေ့လာ ခဲ့ကြကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment