Pages

Friday, July 1, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Ms. Yanghee Lee အား လက်ခံတွေ့ဆုံ


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ 
Ms. Yanghee Lee အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၁-၇-၂၀၁၆

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် နေပြည်တော် ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင် ၌ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ Ms. Yanghee Lee အား လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတော် အစိုးရ ဦးဆောင်မှု အောက်တွင် တပ်မတော်၏ တာဝန် ထမ်းဆောင်မှု အခြေအနေများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) ကျင်းပနိုင်ရေး တပ်မတော်က ပါဝင်ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများ၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ တိုက်ပွဲဖြစ်ပွား ရသည့် အခြေခံ အကြောင်းရင်းများ၊ တပ်မတော် အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိစေရေး ဥပဒေနှင့် အညီ ထိထိ ရောက်ရောက် ထိန်းသိမ်း ဆောင်ရွက်နေမှု အခြေအနေများ၊ ဂျီနီဗာ ကွန်ဗင်းရှင်း၊ အာတီကယ် (၁၇)နှင့် ပတ်သက်၍ အခြေအနေ၊ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ နောက်ဆုံး အခြေအနေ အထိ အကူအညီ ပေးမှု အခြေအနေများ၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု မရှိသည့် အခြေအနေ၊ မြန်မာ့ တပ်မတော် အတွင်း အရွယ်မရောက် သေးသူ ကလေး သူငယ်များ စစ်မှုထမ်းခြင်း မရှိစေရေး ကုလသမဂ္ဂ လက်အောက်ခံ Country Task Force on Monitoring and Reporting (CTFMR) နှင့်ပူးပေါင်း၍ ကာကွယ်တားဆီး ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များအား အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ယခုကဲ့သို့ တွေ့ဆုံပြီး နောက်ပိုင်း ကာလများ၌ သိရှိလိုသည် များရှိပါက မိမိတို့ထံ အချိန်မရွေး ဆက်သွယ်နိုင် ပါကြောင်း၊ ထိုသို့ ဆက်သွယ်မည် ဆိုပါက ကြိုဆိုပါကြောင်း နှင့် Focal Point ထားရှိပေးမည် ဖြစ်ကြောင်း၊ သိလိုသည် များကိုလည်း စိစစ်ချက်နှင့် အတူ ပြန်ကြား ပေးမည် ဖြစ်ကြောင်း၊ ထိုသို့ အပြန်အလှန် ဆက်သွယ်မှု သည် မြန်မာ့ တပ်မတော် ၏ လူ့ အခွင့်အရေး အခြေအနေ ဆိုင်ရာ ဖောက်ဖျက်မှု၊ စွပ်စွဲချက်များ ရှိမှု/မရှိမှု အပေါ် နှစ်ဖက်ဖြေရှင်း ရာ၌ အကူအညီပြုရာ ရောက်ပါကြောင်း ဖြည့်စွက် ဆွေးနွေး ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူနှင့် အတူ တာဝန်ရှိသူများ တက်ရောက် ကြပြီး တွေ့ဆုံပွဲ အပြီးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က Ms. Yanghee Lee အား အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment