Pages

Saturday, July 9, 2016

Life Mate Group ကုမ္ပဏီမှ အစားအစာများ မြန်မာနိုင်ငံသို့ တင်သွင်းရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ တင်ပြ



ရန်ကုန် ၊ ၁၀-၇-၂၀၁၆

ဂျပန်နိုင်ငံ အခြေစိုက် Life Mate Group ကုမ္ပဏီမှ ထုတ်လုပ်သော ကျန်းမာရေး ဖြည့်စွက် အစားအစာကို မြန်မာနိုင်ငံသို့ တင်သွင်းနိုင်ရန် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ တင်ပြထားကြောင်း သိရှိရသည်။ 

ကျန်းမာရေး ဖြည့်စွက် အစားအစာ လေးမျိုးကို ပထမအကြိမ် တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။ 

"FDA အသိအမှတ်ပြု လက်မှတ်ကလည်း မကြာခင်မှာ ရရှိတော့မယ် ဆိုတော့၂၀၁၆ ခုနှစ်အတွင်း စတင်ဖြန့်ဖြူး နိုင်မယ်လို့ ထင်တယ်။ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်တွေလည်း ရရှိထားတော့ ဒီဆေးတွေကို ရာနှုန်းပြည့် အာမခံ ပါတယ်။" ဟု Aoi Partners ကုမ္ပဏီ၏ အလုပ်မှုဆောင် ဦးအောင်မျိုးမင်း က ပြောသည်။

အဆိုပါ ကျန်းမာရေး ဖြည့်စွက် အစားအစာကို စက်တင်ဘာလ အတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် စတင်ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ အနှံအပြားတွင် ဖြန့်ဖြူး ပေးနိုင်ရန် ကိုယ်စားလှယ် များနှင့် ဆွေးနွေး နေကြောင်း သိရသည်။

အဆိုပါ တင်သွင်း ပြုလုပ်မည့် ကျန်းမာရေး ဖြည့်စွတ် အစားအစာ လေးမျိုးတွင် Aojiru ၊ Aomori Taugaru Shijimi Densetsu ၊ UC-II ၊ Academia Yeast တို့ဖြစ်ပြီး အဆိုပါ ဆေးများမှာ အဝလွန်ရောဂါ။ ရင်ပြည့်ရင်ကယ်။ 

အဆစ်အမြစ် ကိုက်ခဲခြင်း။ ကိုယ်ခံအား ကျဆင်းခြင်း။ အသားရည် ခြောက်သွေ့ခြင်း။ အသည်း မကောင်းခြင်း။ အသည်း အဆီဖုံးခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ကို သက်သာ ပျောက်ကင်း စေကြောင်း သိရသည်။ Aoi Partners ကုမ္ပဏီအနေဖြင့် ကျန်းမာရေး ဖြည့်စွက် အစားအစာ တင်သွင်းရန် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ ၂၀၁၅ ခုနှစ် သြဂုတ်လ တွင် တင်ပြထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment