Pages

Monday, July 11, 2016

ယခုဘဏ္ဍာနှစ်အတွင်း စပါးစိုက်ဧက ၅၀၀ ကျော်အတွက် ငါးသားပေါက် အကောင်ရေ နှစ်သိန်းကျော် ဖြန့်ဝေမည်



မန္တလေး ၊ ၁၁-၇-၂၀၁၆

ယခုဘဏ္ဍာနှစ် အတွင်း မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ စပါးစိုက်ပျိုး ဧက ၅၅ဝ အတွက် ငါးသားပေါက် အကောင်ရေ ၂၇၅ဝဝဝ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူး ဦးလှဝင်း ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ စပါးစိုက်ခင်းများ အတွင်း စပါးသက်တမ်းနှင့် အညီ မွေးမြူနိုင်မည့် လေးလ သက်တမ်းရှိ ရွှေဝါငါးကြင်း၊ ငါးခုံးမ၊ တီလားဗီးယား ငါးသားပေါက်များ ဖြန့်ဝေပေးမည် ဖြစ်ပြီး လာမည့် စပါးစတင်စိုက်ပျိုး ရာသီ ဖြစ်သည့် ဇူလိုင်လမှ စတင်၍ ငါးမွေးမြူလိုသော လယ်သမား များအား ငါးသားပေါက်များ အခမဲ့ဖြန့်ဝေ ပေးမည် ဖြစ်ကြောင်း၊ ယင်းငါးသားပေါက် များကို မန္တလေးတိုင်း ဒေသကြီးရှိ နိုင်ငံပိုင် ငါးလုပ်ငန်း စခန်းသုံးခု မှတစ်ဆင့် ဖြန့်ဝေပေးမည် ဖြစ်ပြီး ငါးမွေးမြူရေး သီးသန့်လုပ်ကိုင် လိုပါကလည်း သက်ဆိုင်ရာ ဌာနမှ ငါးသားပေါက်များ ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။

စပါးစိုက်ခင်း အတွင်း ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်လိုသည့် လယ်သမားများကို တစ်ဧကလျှင် ငါးသားပေါက် အကောင်ရေ ၅ဝဝ နှုန်းဖြင့် ဖြန့်ဝေပေးသွားမည် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်များအတွင်းက စပါးစိုက်ခင်းများအတွင်း ငါးမွေးမြူရေး လုပ်ကိုင်သော လယ်သမား များသည် ငါးများအား ရှော့ခ်တိုက် ဖမ်းဆီးမှု များကြောင့် စိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အပူပိုင်းဇုန် ဒေသများ အတွင်း စိုက်ပျိုးရေး အခက်အခဲနှင့် နည်းစနစ် လိုအပ်ချက် များကြောင့် စပါးနှင့် ငါးမွေးမြူရေး တွဲဖက် လုပ်ကိုင်လိုမှု နည်းပါးပြီး မန္တလေးတိုင်း ဒေသကြီး အတွင်း၌ ၅ ရာခိုင်နှုန်းခန့် သာရှိကြောင်း၊ ယင်းအတွက် စပါးစိုက်ခင်း များအတွင်း ငါးတွဲဖက် မွေးမြူသူ တိုးပွားလာစေရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA) မှ အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)
.
မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment