Pages

Wednesday, July 20, 2016

နှစ်ပေါင်း ၇၀ ကျော် နှစ်မြုပ်နေသော သင်္ဘောကြီးကို လေ့လာရန် ရေငုပ်ဒရုန်းကို တီထွင်




ဝါရှင်တန် ၊ ၂၀-၇-၂၀၁၆

အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား နှင့် နီဗာဒါပြည်နယ် တို့ အကြားရှိ တာဟိုးရေကန်ကြီး တွင် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ခန့် က နှစ်မြုပ်ခဲ့သောThe Queen သင်္ဘောကြီးကို စူးစမ်း လေ့လာရန် ရေငုပ် ဒရုန်းကို စမ်းသပ်ထုတ်လုပ် ထားကြောင်း သိရသည်။ 

The Queen ကို ၁၉၃၀ ပြည့်လွန်နှစ် များက တာဟိုးရေကန် ကြီးကို ဖြတ်ကျော်ရန် အသုံးပြုခဲ့ကြောင်း၊ ရေကန် ပတ်လမ်း တည်ဆောက်ပြီးစီး သွားသည့်နောက် The Queen ကို အသုံးပြုမှု နည်းသွားပြီး နောက်ပိုင်းတွင် ပြုပြင် ထိန်းသိမ်းခြင်းလည်း မရှိတော့သည့် အတွက် ယိုယွင်းပျက်စီး လာကြောင်း၊ သင်္ဘောပိုင်ရှင် များကို The Queen ကို တမင်တကာ နှစ်မြုပ်ကာ မှန်အောက်ခြေတပ် သင်္ဘောငယ်များဖြင့် The Queen အပေါ်မှ ဖြတ်သန်းပြီး ကမ္ဘာလှည့် ခရီးသည်များ စူးစမ်းလေ့လာ နိုင်ရန် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့ သော် The Queen ကို ၁၉၄၀ တွင် အမှန်တစ်ကယ် နှစ်မြုပ်ခဲ့ချိန်၌မူ မျှော်လင့်ထားသည့် အတိုင်း ဖြစ်မလာဘဲ အလွန် နက်ရှိုင်းသော ပေ ၄၉၀ အထိနှစ်မြုပ် သွားခဲ့ကြောင်း၊ ဆယ်ယူရန် မည်သို့ မျှ မဖြစ်နိုင် တော့သည့် အဆုံး လက်လျှော့ခဲ့ ရကြောင်း၊ သို့ သော် The Queen ကို အနီးကပ် စူးစမ်းလေ့လာ ရန် အစီအစဉ်ကိုမူ လက်လျော့ခြင်း မရှိဘဲ ဆက်လက် ကြိုးစားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ 

" OpenROV ဆိုတဲ့ ရေငုပ်ဒရုန်းကို တီထွင်ထား ပါတယ်။ OpenROV က ရေငုပ်ပြီးThe Queen စီကို အရောက် သွားပါမယ်။ The Queen ကို ဘေးဘီ၊ ၀ဲယာ၊ အပေါ်အောက်၊ အတွင်းအပြင် စိတ်ကြိုက် ၀င်ကြည့် နိုင်ပါမယ်။ ကြည့်မယ့်သူက ကမ်းပေါ်ကနေ ဂိမ်းကစားသလို ဒရုန်းကို ထိန်းပေးနေရုံပဲ ဖြစ်ပါတယ် " ဟု တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ 

OpenROV သည် တစ်စီးလျင် အမေရိကန် ဒေါ်လာ ၈၉၉ သာ ကုန်ကျသော ဈေးသက်သာသည့် ဒရုန်း အမျိုးအစား ဖြစ်ကြောင်း၊  ကမ္ဘာလှည့်ခ ရီးသည်များ စိတ်ဝင်စား လိမ့်မယ်ဟု တီထွင်သူများ က ယုံကြည် နေကြောင်း သိရသည်။ တာဟိုး ရေကန်ကြီးသည် အမေရိကန် ပြည်ထောင်စု၊ ဆီယာရာနီဗာဒါ ပြည်နယ်တွင် အကြီးဆုံး ရေချိုကန်ကြီး ဖြစ်ပြီးမျက်နှာပြင် အကျယ် ၆၂၂၅ ပေ၊ အနက် ၄၉၀ ပေ ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment